ထိုင်းနိုင်ငံ၏ ပထမဆုံး Virtual Bank လာမည့်လတွင် စတင်မည်

ထိုင်းဗဟိုဘဏ် (Bank of Thailand) သည် မေလ ၁၄ ရက် နေ့က Clicx Bank အား လုပ်ငန်းလိုင်စင် တရားဝင်ချပေးခဲ့ခြင်းဖြစ်ပြီး၊ ယင်းဘဏ်သည် အင်အားကြီးကုမ္ပဏီ ၃ ခု စုပေါင်းတည်ထောင်ထားခြင်း ဖြစ်ပါတယ်ဗျ။

🤝 ပူးပေါင်းတည်ထောင်သူများ

၁။ Krungthai Bank (KTB): ထိုင်းနိုင်ငံ၏ အဓိကအစိုးရဘဏ်ကြီး။ 

၂။ Advanced Info Service (AIS): ထိုင်းနိုင်ငံ၏ အကြီးဆုံး ဆက်သွယ်ရေးအော်ပရေတာ။ 

၃။ PTT Oil and Retail Business (OR): PTT ဆီဆိုင်နှင့် Cafe Amazon လုပ်ငန်းစုကြီး။

🔍 Clicx Bank က ဘာတွေထူးခြားမလဲ။

  1. သုံးစွဲသူတွေရဲ့ ငွေကြေးအပြုအမူနဲ့ နေထိုင်မှုပုံစံ (Lifestyle) ကို AI နဲ့ တွက်ချက်ပြီး ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ပေးသွားမှာပါ။
  1. ပုံမှန်ဝင်ငွေအထောက်အထား (Payslip) ပြဖို့ခက်ခဲတဲ့ နေ့စားအလုပ်သမားတွေ၊ Freelancers တွေ၊ တက္ကစီဒရိုင်ဘာတွေ၊ ကျောင်းသားတွေနဲ့ အွန်လိုင်းဈေးသည်တွေကို အဓိကထားပြီး ချေးငွေနဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုတွေ ပေးသွားမှာ ဖြစ်ပါတယ်။
  1. ဘဏ်ခွဲသွားစရာမလိုဘဲ ဖုန်းထဲကနေပဲ ငွေစုခြင်း၊ ငွေစီမံခန့်ခွဲခြင်းနဲ့ ချေးငွေလျှောက်ထားခြင်းတွေကို ၂၄ နာရီပတ်လုံး လုပ်ဆောင်နိုင်မှာပါ။

🏦 အခြား Virtual Bank လျှောက်ထားသူများ

ထိုင်းဗဟိုဘဏ်က Virtual Bank လုပ်ကိုင်ခွင့်အတွက် အုပ်စု ၃ စုကို ရွေးချယ်ထားတာဖြစ်ပြီး ကျန်ရှိနေတဲ့အုပ်စုတွေကတော့ – 

၁။ ACM Holding (CP Group): ၎င်းတို့က Ascend Bank အမည်နဲ့ လုပ်ကိုင်သွားမှာဖြစ်ပြီး၊ မေလ ၂၉ ရက်မှာ 7-Eleven လုပ်ငန်းစုရဲ့ အခွဲတွေကို ဒီဘဏ်အောက် ထည့်မလားဆိုတာ ဆုံးဖြတ်သွားမှာပါ။ 

၂။ SCB X Consortium: ကိုရီးယားနိုင်ငံက KakaoBank၊ WeBank တို့နဲ့ ပူးပေါင်းပြီး Bank X အမည်နဲ့ လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။

ဗဟိုဘဏ်အုပ်ချုပ်ရေးမှူး Vitai Ratanakorn က ယခုနှစ်ကုန်မှာ အနည်းဆုံး Virtual Bank ၂ ခု စတင်ပြေးဆွဲနိုင်မယ်လို့ မျှော်လင့်ထားပါတယ်ဗျ။

Source;Bangkok Post