ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်သည့် ခရီးသွားများအကြား အလွန်ရေပန်းစားသည့် “ဟုန်းထိုင်း” (Hong Thai) အမှတ်တံဆိပ် အပါအဝင် ထိုင်းတိုင်းရင်းဆေး ရှူဆေးဘူးများတွင် ဩစတြေးလျနိုင်ငံ၏ ဇီဝလုံခြုံရေးဆိုင်ရာ စိုးရိမ်ရသည့် အပင်မျိုးစိတ်များ ပါဝင်နေသဖြင့် ဩစတြေးလျသို့ ယူဆောင်လာပါက လေဆိပ်တွင် မပျက်မကွက် ထည့်သွင်းကြေညာရမည် (Declare လုပ်ရမည်) ဟု ဩစတြေးလျ ဇီဝလုံခြုံရေးဌာနက တရားဝင် သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်ဗျာ။
ကိန်းစ်လေဆိပ် (Cairns Airport) တွင် ခရီးသွားတစ်ဦးထံမှ သိမ်းဆည်းရမိသော ထိုင်းရှူဆေးဘူးများအတွင်း ဩစတြေးလျ၏ ဂေဟစနစ်ကို ထိခိုက်စေနိုင်သည့် အပင်မျိုးစိတ် ၆ မျိုး ပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရသည်။ အာဏာပိုင်များက ကြီးလေးသော ဒဏ်ငွေများ မခံရစေရန် လေဆိပ်တွင် အမှန်အတိုင်း ကြေညာကြရန် တိုက်တွန်းထားသည်။
ဩစတြေးလျ ဇီဝလုံခြုံရေးဥပဒေအရ စားသောက်ကုန်၊ အပင်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများကို ကြေညာရုံမျှဖြင့် ယူဆောင်ခွင့်မရဘဲ လေဆိပ်အရာရှိများ၏ အသေးစိတ်စစ်ဆေးမှုကို
ဤသတိပေးချက်ကြောင့် အွန်လိုင်းပေါ်တွင် အာရှခရီးသွားများအကြား ဝေဖန်မှုများရှိခဲ့ပြီး “ခရီးသွားတိုင်း ဒီဆေးဘူး ပါကြတာပဲ၊ ဘာအန္တရာယ်မှ မရှိပါဘူး” ဟု ဆိုကြသည်။ သို့သော်လည်း ယခင်က ထိုင်း FDA ကိုယ်တိုင် “ဟုန်းထိုင်း” ရှူဆေးဘူးအချို့တွင် သတ်မှတ်စံနှုန်းထက်ကျော်လွန်သော ပိုးမွှားမသန့်စင်မှု (Microbial Contamination) တွေ့ရှိသဖြင့် ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်းခိုင်းခဲ့ဖူးသည့် သမိုင်းကြောင်းလည်း ရှိခဲ့ပါတယ်။
Source;Thaiger
