ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး အမေရိကန်နဲ့ အီရန်အကြား နျူကလီးယားစစ်ဆေးမှု သဘောတူညီချက် အငြင်းပွားဖွယ်ဖြစ်လာ

ယူအက်စ်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံအနေဖြင့် ၎င်းတို့၏ နျူကလီးယားလုပ်ငန်းစဉ်များကို အချိန်အကန့်အသတ်မရှိ စစ်ဆေးခွင့်ပြုရန် သဘောတူညီခဲ့သည်ဟု ဇွန်လ ၂၃ ရက်တွင် ပြောကြားလိုက်သော်လည်း တီဟီရန်အစိုးရဘက်က ၎င်းပြောကြားချက်ကို ချက်ချင်း ပြတ်ပြတ်သားသား ငြင်းဆိုလိုက်ပါတယ်ဗျာ။

ဆွစ်ဇာလန်တွင် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး အမေရိကန်က အီရန်အပေါ် ပိတ်ဆို့မှုများကို ရက်ပေါင်း ၆၀ ယာယီဆိုင်းငံ့ခဲ့သည်။ ဒုသမ္မတ ဂျေဒီဗန့်စ်နှင့် သမ္မတထရမ့်တို့ကမူ အီရန်သည် အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ အမြင့်ဆုံးအဆင့် စစ်ဆေးမှုများကို ထာဝရ (infinity အထိ) ခွင့်ပြုရန် သဘောတူခဲ့သည်ဟု Truth Social တွင် ရေးသားခဲ့သည်။

 လွတ်မြောက်လာမည့် အီရန်၏ ငွေကြေးပိုင်ဆိုင်မှုများကို ကြားခံအကောင့်တွင် ထိန်းသိမ်းထားပြီး အမေရိကန်ထံမှ ဂျုံ၊ ပဲပုပ်စသည့် အစားအသောက်နှင့် ဆေးဝါးများ ဝယ်ယူရာတွင်သာ အသုံးပြုရမည်ဟု ထရမ့်က ဆိုသည်။

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဤဆွေးနွေးပွဲတွင် နျူကလီးယားအစီအစဉ်အကြောင်း လုံးဝမပါဝင်သလို IAEA ညွှန်ကြားရေးမှူးချုပ်နှင့်လည်း တွေ့ဆုံခဲ့ခြင်းမရှိဟု တုံ့ပြန်သည်။ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ်ကြီး အလီဘာရိန်နီကလည်း ထရမ့်၏ ငွေကြေးထိန်းချုပ်မှု ပြောကြားချက်ကို ပယ်ချခဲ့ပြီး မိမိတို့၏ လွတ်မြောက်လာသော ပိုင်ဆိုင်မှုများကို အီရန်နိုင်ငံတစ်ခုတည်းကသာ စီမံခန့်ခွဲပိုင်ခွင့်ရှိကြောင်း သတင်းထောက်များကို ပြောကြားခဲ့ပါတယ်ဗျာ။

Source;Thairath