ကင်ဆာဝေဒနာရှင်တစ်ဦးချင်းစီရဲ့ ခန္ဓာကိုယ်အခြေအနေနဲ့ ကုသမှုအစီအစဉ်တွေက မတူညီနိုင်တာကြောင့် အားလုံးအတွက် ယေဘုယျအဆင်ပြေစေမယ့် နေ့စဉ်အာဟာရလမ်းညွှန် (Nutrition Plan) ကို မျှဝေပေးလိုက်ပါတယ်။ ကင်ဆာဝေဒနာ ခံစားရသူတွေအနေနဲ့ ကိုယ်အလေးချိန်ကို ပုံမှန်ထိန်းသိမ်းဖို့၊ မသန့်ရှင်းတဲ့ ပတ်ဝန်းကျင်ကို ရှောင်ကြဉ်ဖို့နဲ့ အစားအစာကို အာဟာရပြည့်ဝအောင် စားသုံးပေးဖို့ အလွန်အရေးကြီးပါတယ်။
အထူးသဖြင့် ဆေးသွင်းနေချိန်မှာ အနံ့မပြင်းဘဲ စားရလွယ်ကူမယ့် အစားအစာမျိုးကို ရွေးချယ်ကျွေးမွေးရပါမယ်။
🟢 ကင်ဆာဆေးသွင်းနေချိန်မှာ ဘာတွေစားပေးသင့်လဲ?
🧼 လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ထားသောအရာများ: အစာအိမ်နဲ့ အူလမ်းကြောင်းထဲ ပိုးဝင်နိုင်ခြေကို လျှော့ချပေးနိုင်ဖို့ သေချာချက်ပြုတ်ထားတာမျိုးပဲ စားရပါမယ်။
💪 စွမ်းအင်ရရှိစေမယ့် အစားအစာ: ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ခွန်အားတွေရရှိစေဖို့ ကြက်ဥ၊ နွားနို့၊ ထောပတ်၊ ယို စတာတွေကို စားပေးပါ။
🥩 ပရိုတင်းဓာတ် ကြွယ်ဝသောအရာများ: ကင်ဆာဆေးကြောင့် ပျက်စီးသွားတဲ့ ဆဲလ်တွေကို ပြန်လည်တည်ဆောက်နိုင်ဖို့ ငါး၊ နွားနို့၊ ကြက်ဥ၊ အစေ့အဆန် စတဲ့ ပရိုတင်းဓာတ်များများ ကျွေးပါ။
🎃 ဗီတာမင်နှင့် သတ္တုဓာတ်များ: ကိုယ်ခံအားစနစ် မြင့်မားလာစေဖို့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါတဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက် အမျိုးမျိုးကို စားသုံးပေးပါ။
💧 ရေများများသောက်ပါ: ပျို့အန်တာ သက်သာစေဖို့၊ ရေဓာတ်ခမ်းခြောက်တာ ကာကွယ်ဖို့နဲ့ ကျောက်ကပ်မှာရှိတဲ့ ဆေးဝါးအကြွင်းအကျန်တွေကို စွန့်ထုတ်နိုင်ဖို့ ရေများများ သောက်ပေးရပါမယ်။
🍲 အစာကြေလွယ်သောအရာများ: ဟင်းချို၊ ဆန်ပြုတ် သို့မဟုတ် အရည်ရွှမ်းတဲ့အသီး စတဲ့ အစာကြေညက်လွယ်မယ့် အစားအစာတွေကို ရွေးချယ်ကျွေးမွေးပါ။
⚠️ သတိပြုရန်: အနံ့ပြင်းတဲ့ အစားအသောက်တွေဟာ ပျို့အန်ချင်တဲ့ စိတ်ကို ပိုမိုဆိုးရွားစေနိုင်တာကြောင့် အနံ့ပြင်းတာတွေကို လုံးဝရှောင်ပေးပါ။
🔴 ဘယ်လို အစားအစာတွေကို အထူးရှောင်ကြဉ်ရမလဲ?
🥩 စားကြွင်းစားကျန်များ: အစားအဆိပ်သင့်ခြင်း ကာကွယ်ရန် စားကြွင်းစားကျန်များကို ရှောင်ပါ။
🥫 အချဉ်ဖောက်ထားသော အစားအစာ: အချဉ်ဖောက်ထားတဲ့ အစားအစာ ဒါမှမဟုတ် မကျက်တကျက် အစားအစာတွေဟာ ဝမ်းပျက်ဝမ်းလျှော ဖြစ်စေနိုင်လို့ လုံးဝမစားပါနဲ့။
🌭 ပြုပြင်ဖန်တီးထားသော အသားများ: ဝက်အူချောင်း၊ ဘေကွန်၊ အသားလုံး စတဲ့ ပြုပြင်ထားတဲ့ အစားအစာတွေကို မကျွေးပါနဲ့။
🚬 ဆေးလိပ်နှင့် အရက်: လူနာရဲ့ ကိုယ်ခံအားနဲ့ ကျန်းမာရေးကို တိုက်ရိုက်ထိခိုက်စေနိုင်လို့ အရက်နဲ့ ဆေးလိပ်ကို လုံးဝ (လုံးဝ) ရှောင်ကြဉ်ရပါမယ်။
💡 ကျန်းမာရေးအကြံပြုချက် – ကင်ဆာကုသမှု ခံယူနေစဉ်မှာ မှန်ကန်တဲ့ အာဟာရစနစ်ကို လိုက်နာခြင်းက လူနာကို ဆေးဒဏ်ခံနိုင်ရည်ရှိစေပြီး အမြန်ဆုံး ပြန်လည်ကျန်းမာလာစေဖို့ အဓိက ပံ့ပိုးပေးနိုင်ပါတယ်။ မိမိတို့ရဲ့ လူနာအခြေအနေအလိုက် အသေးစိတ်ကို သက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများနှင့်လည်း သေချာတိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
မိမိတို့ပတ်ဝန်းကျင်မှာ ကင်ဆာဝေဒနာရှင်တွေကို ပြုစုစောင့်ရှောက်နေရတဲ့ မိသားစုဝင်တွေရှိရင် အကျိုးရှိရှိ ဖတ်ရှုလိုက်နာနိုင်အောင် ဒီ Post လေးကို Share ပြီး သတင်းပါးလိုက်ပါဦးနော် ❤️
အခုလို ဝေဒနာနဲ့ ပတ်သက်ပြီး ကျန်းမာရေးဆိုင်ရာ သိကောင်းစရာတွေကို ထပ်မံမေးမြန်းလိုရင်ဖြစ်စေ၊𝐌𝐞𝐝𝐏𝐚𝐫𝐤𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 နဲ့ချိတ်ဆက်လိုလျှင်ဖြစ်စေ၊ ထိုင်းနိုင်ငံရှိ ထိပ်တန်းဆေးရုံကြီးများရဲ့ ကုသမှုစရိတ်နဲ့ ဆေးရုံသတင်းအချက်အလက်တွေကို စုံစမ်းလိုရင်ဖြစ်စေ 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 ကနေတစ်ဆင့် အချိန်မရွေး ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
ဆက်သွယ်ရန်:
𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤: 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫
𝐕𝐢𝐛𝐞𝐫: +𝟗𝟓 𝟗𝟖𝟖 𝟕𝟕𝟖 𝟑𝟔𝟕𝟕
𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦: +𝟔𝟔 𝟔 𝟓𝟔𝟓 𝟗𝟓𝟖𝟓𝟏
𝐒𝐨𝐮𝐫𝐜𝐞;𝐌𝐞𝐝𝐏𝐚𝐫𝐤𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥
ကင်ဆာလူနာတစ်ဦးချင်းစီအတွက် အာဟာရပြည့်ဝပြီး ဘေးကင်းစေမယ့် “Nutrition Plan” … ဆေးသွင်းနေစဉ် မဖြစ်မနေ စားပေးသင့်တဲ့ အစားအစာများနှင့် ရှောင်ရန်များ
