ဒုတိယ ဗိုလ်ချုပ်ကြီး ဘွန်းဆင် ပတ်ကလန် (𝐁𝐨𝐨𝐧𝐬𝐢𝐧 𝐏𝐚𝐝𝐤𝐥𝐚𝐧𝐠)သည် ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ရှိ ထိုင်းတပ်ဖွဲ့ဝင်များထံ သွားရောက်ခဲ့

ဒုတိယ ဗိုလ်ချုပ်ကြီး ဘွန်းဆင် ပတ်ကလန် (𝐁𝐨𝐨𝐧𝐬𝐢𝐧 𝐏𝐚𝐝𝐤𝐥𝐚𝐧𝐠) သည် ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ရှိ တပ်ဖွဲ့ဝင်များအား သွားရောက်တွေ့ဆုံကာ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ကာကွယ်ပေးသည့်အတွက် ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ထို့ပြင် ၎င်းတို့အား ပေါ့ဆမှုမရှိရန် သတိပေးခဲ့ကာ တပ်ဖွဲ့ဝင်များနှင့်အတူ တစ်ညတာ အိပ်စက်နားနေခဲ့ပါတယ်။

(၂၀၂၅ ) ခုနှစ်၊ ဩဂုတ်လ (၁) ရက်နေ့တွင် ထိုင်းနိုင်ငံ ဒုတိယ အာမီရီဂျွန်း (𝟐𝐧𝐝 𝐀𝐫𝐦𝐲 𝐑𝐞𝐠𝐢𝐨𝐧) ၏ တပ်မှူးဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီး ဘွန်းဆင် ပတ်ကလန် (𝐁𝐨𝐨𝐧𝐬𝐢𝐧 𝐏𝐚𝐝𝐤𝐥𝐚𝐧𝐠) သည် ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တစ်လျှောက်တွင် တာဝန်ထမ်းဆောင်နေသော ထိုင်းစစ်သည်များအား သွားရောက်တွေ့ဆုံကာ အားပေးစကားပြောကြားခြင်းနှင့် နယ်မြေအခြေအနေများကို စောင့်ကြည့်ခြင်းများ ပြုလုပ်ခဲ့ပါသည်။ သူ၏ခရီးစဉ်အတွင်း ရှေ့တန်းစစ်စခန်းအသီးသီးရှိ တပ်ဖွဲ့ဝင်များအား ဆန် နှင့် စားသောက်ကုန်များအပါအဝင် လိုအပ်သည့် ပစ္စည်းများကို ပေးအပ်ခဲ့ပြီး စိတ်ဓာတ်ခွန်အားဖြစ်စေမည့် အားပေးစကားများကို ပြောကြားခဲ့ပါသည်။

ဗိုလ်ချုပ်ကြီး ဘွန်းဆင် (𝐁𝐨𝐨𝐧𝐬𝐢𝐧 )သည် ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်ရန် ခိုင်မာပြတ်သားသော ကတိကဝတ်အတွက် စစ်သည်များအားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ စစ်သည်များအားလုံး၏ လုပ်ဆောင်ချက်များသည် လိုအပ်သလို မှန်ကန်ကြောင်း အတည်ပြုခဲ့ပြီး ရှေ့တန်းတွင်ရှိနေသူများ၏ ဘေးတွင် ရာထူးအဆင့်တိုင်းမှ တပ်မှူးများက ရပ်တည်နေကြောင်း အလေးပေးပြောကြားခဲ့ပါသည်။

ထို့ပြင် ၎င်းက တပ်ဖွဲ့ဝင်များအား “အချိန်မရွေး ဘာမဆိုဖြစ်နိုင်သည်” ဟု မှတ်ချက်ပြုကာ အမြဲတမ်းအထူးသတိရှိနေရန် သတိပေးခဲ့ပြီး၂၄ နာရီပတ်လုံး နိုးကြားနေရန် လိုအပ်ကြောင်းနှင့် နောက်ဆုံးဖြစ်ပေါ်လာသော တိုးတက်မှုများအား အမြဲသိရှိနေရန်လည်း တိုက်တွန်းခဲ့သည်။
တစ်မျိုးသားတည်းဟူသော စိတ်ဓာတ်ဖြင့် ဒုတိယ အာမီရီဂျွန်း (𝟐𝐧𝐝 𝐀𝐫𝐦𝐲 𝐑𝐞𝐠𝐢𝐨𝐧) တပ်မှူးသည် နိုင်ငံကို စောင့်ရှောက်နေသောတပ်များနှင့်အတူ နယ်စပ်တွင် တစ်ညတာ ကုန်ဆုံးခဲ့ပြီး တပ်ဖွဲ့ဝင်များအပေါ် သူ၏ကိုယ်ပိုင်ကတိကဝတ်များကို ထုတ်ဖော်ပြသပြောကြားခဲ့ပါသည်။

Source: The Nation Thailand