အမေရိကန်သမ္မတ 𝐃𝐨𝐧𝐚𝐥𝐝 𝐓𝐫𝐮𝐦𝐩 က ရုရှားသမ္မတဟောင်း 𝐃𝐦𝐢𝐭𝐫𝐲 𝐌𝐞𝐝𝐯𝐞𝐝𝐞𝐯 ခြိမ်းခြောက်မှုများကို တုံ့ပြန်သည့်အနေဖြင့် နျူကလီးယား ရေငုပ်သင်္ဘောနှစ်စင်းကို နေရာပြောင်းရွှေ့ရန် အမိန့်ပေးခဲ့

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်(Donald Trump)ဟာ ရုရှားရဲ့ ယခင်သမ္မတဟောင်း ဒမီထရီ မက်ဗီဒက်ဗ်(Dmitry Medvedev)ရဲ့ အွန်လိုင်းခြိမ်းခြောက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ နျူကလီးယားရေငုပ်သင်္ဘောနှစ်စင်းကို နေရာပြန်ချထားဖို့ အမိန့်ပေးခဲ့တယ်လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ကြေညာခဲ့ပါတယ်။

ကရမ်လင်နန်းတော်အတွက် အွန်လိုင်းမှာ မကြာခဏ ပြင်းထန်တဲ့ စကားလုံးတွေ ပြောလေ့ရှိတဲ့ မက်ဗီဒက်ဗ်က ဆိုဗီယက်ယူနီယံရဲ့ အလိုအလျောက် နျူကလီးယားတိုက်ခိုက်ရေးစနစ်နဲ့ “The Walking Dead” ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲကို ကိုးကားပြီး ပို့စ်တင်ခဲ့ပါတယ်။ သမ္မတထရမ့်ကတော့ “ဒီမိုက်မဲပြီး ရန်လိုတဲ့ ထုတ်ပြန်ချက်တွေဟာ ပြောရုံသက်သက်မဟုတ်ဘူးဆိုရင်ပေါ့” ဆိုပြီး ရေငုပ်သင်္ဘောတွေကို “သင့်လျော်တဲ့ ဒေသတွေမှာ” နေရာချထားဖို့ အမိန့်ပေးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါဟာ လက်ရှိသမ္မတသက်တမ်းမှာ ရုရှားနဲ့ရင်ဆိုင်ရာမှာ နျူကလီးယားလက်နက်ကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုတာလည်း ဖြစ်ပါတယ်။ ရေငုပ်သင်္ဘောတွေရဲ့ ရွေ့လျားမှုဟာ လျှို့ဝှက်တဲ့ကိစ္စဖြစ်တာကြောင့် ဒီလုပ်ရပ်ကို အတည်ပြုနိုင်ဖို့ ခက်ခဲခဲ့ပေမယ့် သမ္မတကတော့ “ခြိမ်းခြောက်မှုတစ်ခု ရှိခဲ့တာကြောင့် အမေရိကန်ပြည်သူတွေကို ကာကွယ်ဖို့” လုပ်ဆောင်ရတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Source: Bangkok Post