ချွန်ပူရီ၊ ဇူလိုင် ၂၆ (၂၀၂၆) – ထိုင်းနိုင်ငံ၊ ချွန်ပူရီပြည်နယ်၊ သီရာချာမြို့နယ် (Sra Racha) ရှိ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းတွင် သံဃာတော်များကို ရှောင်တခင် မူးယစ်ဆေး စစ်ဆေးမှု ပြုလုပ်ခဲ့ရာ သံဃာတစ်ပါးထံ၌ မူးယစ်ဆေးဝါး သုံးစွဲထားကြောင်း တွေ့ရှိရသဖြင့် သာသနာ့ဘောင်မှ ချက်ချင်း လူဝတ်လဲစေကာ မူးယစ်ဆေးစွဲ ကုသရေးစခန်းသို့ ပို့ဆောင်လိုက်ပါတယ်။
ချွန်ပူရီပြည်နယ် အုပ်ချုပ်ရေးမှူး Mr. Naris Niramaiwong ၏ ညွှန်ကြားချက်အရ သီရာချာမြို့နယ် အုပ်ချုပ်ရေးမှူး Mrs. Phatchanan Phongphat က ဦးစီး၍ လုံခြုံရေးအဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေး အဖွဲ့များ ပူးပေါင်းကာ ဘန်ဖရား (Bang Phra) ကျေးရွာအုပ်စုရှိ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းသို့ သွားရောက် စစ်ဆေးခဲ့ခြင်းဖြစ်သည်။
ကျောင်းထိုင်သံဃာနှင့် သံဃာတော် စုစုပေါင်း ၁၉ ပါး အား ဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ၁ ပါးထံတွင် မူးယစ်ဆေးဝါး ဓာတ်ပြုမှု (အပြုသဘောဆောင်သည့် ရလဒ်) တွေ့ရှိခဲ့ရသည်။
အဆိုပါ မူးယစ်ဆေးဝါး သုံးစွဲထားသည့် သံဃာအား သာသနာ့ဘောင်မှ စည်းကမ်းအတိုင်း ချက်ချင်း လူဝတ်လဲ (ลาสิกขา) စေခဲ့ပြီး၊ ၎င်း၏ သဘောဆန္ဒအတိုင်း မူးယစ်ဆေးစွဲ ဝေဒနာရှင်များ ပြန်လည်ထူထောင်ရေးနှင့် ကုသရေးစခန်းသို့ ဆက်လက် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Source;ชลบุรี ฮอต รีพอท นิวส์
