YouTuber Hlun Solo သေဆုံးမှု အတုအယောင် အလှူငွေကောက်ခံမှုများအား မိသားစု သတိပေး

ဘန်ကောက်၊ ဩဂုတ် ၂ (၂၀၂၆) – ဂျော်ဂျီယာနိုင်ငံတွင် သေဆုံးလျက် တွေ့ရှိခဲ့ရသည့် ထိုင်းနိုင်ငံ၏ နာမည်ကြီး ခရီးသွား YouTuber Hlun Solo ၏ မိသားစုက ၎င်းတို့၏ နာမည်ကို အသုံးပြု၍ အွန်လိုင်းတွင် မဟုတ်မမှန် အလှူငွေ ကောက်ခံနေမှုများကို သတိထားကြရန်နှင့် မည်သည့် အလှူငွေကောက်ခံမှုကိုမျှ စတင်ဖွင့်လှစ်ထားခြင်း မရှိကြောင်း တရားဝင် ထုတ်ပြန်လိုက်ပါတယ်ဗျာ။
ကွယ်လွန်သူ Hlun Solo ၏ အစ်ကိုဖြစ်သူက မိသားစုအနေဖြင့် မည်သည့် အလှူငွေကိုမျှ လက်ခံခြင်း သို့မဟုတ် တောင်းခံခြင်း မရှိကြောင်းနှင့် မိသားစု နာမည်သုံး၍ ငွေကြေး ကောက်ခံနေမှုများကို မယုံကြည်ကြရန် သတိပေးထားသည်။
မိသားစုအနေဖြင့် အမွေဆက်ခံရေး သို့မဟုတ် ပိုင်ဆိုင်မှု ကိစ္စများကို ဦးစားပေးနေခြင်း မရှိဘဲ၊ ကွယ်လွန်သူ၏ ရုပ်အလောင်းကို ထိုင်းနိုင်ငံသို့ ဂုဏ်သိက္ခာရှိစွာ ပြန်လည်သယ်ဆောင်ရေးနှင့် သေဆုံးရသည့် ဖြစ်စဉ်မှန် အမှန်တရား ရရှိရေးကိုသာ အဓိကထား ဆောင်ရွက်နေခြင်းဖြစ်သည်။
ထိုင်းသံရုံး၏ ကူညီမှုဖြင့် လာမည့်သီတင်းပတ်အတွင်း ရုပ်အလောင်းနှင့် သေဆုံးကြောင်း စာရွက်စာတမ်းများကို ရရှိနိုင်မည်ဟု မျှော်လင့်ရသည်။ သေဆုံးရသည့် အကြောင်းအရင်းကိုမူ အဆိပ်အတောက် စစ်ဆေးမှုများ (Toxicology Tests) ပြုလုပ်၍ အာဏာပိုင်များက ဆက်လက် စုံစမ်းစစ်ဆေးနေဆဲ ဖြစ်သည်။

Source;Thaiger