အမေရိကန်ပြည်ထောင်စု ဂျီအိုလောဂျီဆိုင်ရာ စောင့်ကြည့်ရေးဌာန (𝐔𝐒𝐆𝐒) မှ ထုတ်ပြန်ချက်အရ၊ ဩဂုတ်လ (၃) ရက် (တနင်္ဂနွေနေ့) တွင် ရုရှားနိုင်ငံ၊ ချူရီလ်ကျွန်းစု (𝐊𝐮𝐫𝐢𝐥 𝐈𝐬𝐥𝐚𝐧𝐝𝐬)အနီးတွင် ရစ်စတာစကေး (၆.၈) အဆင့်ရှိ အင်အားပြင်းမြေငလျင်တစ်ခု ဖြစ်ပွားခဲ့ပါသည်။
ဗဟိုချက်မှာ ဆီဗီရို-ချူရီလ်စ်ခ်မြို့(𝐒𝐞𝐯𝐞𝐫𝐨-𝐊𝐮𝐫𝐢𝐥𝐬𝐤) အရှေ့ဘက် (၁၁၈) ကီလိုမီတာအကွာ၊ မြောက်ပစိဖိတ်သမုဒ္ဒရာ အတွင်းမှာပဲ ဖြစ်ပါတယ်။ထိုဒေသမှာ မြေငလျင်များ မကြာခဏ ဖြစ်ပွားလေ့ရှိသော ဒေသဖြစ်ပါသည်။
လတ်တလောတွင် ထိခိုက်ပျက်စီးမှုများ (သို့) လူထိခိုက်မှုများ မရှိကြောင်းနှင့် ဆူနာမီသတိပေးချက်များ မထုတ်ပြန်ထားကြောင်းသိရှိရပါသည်။ ဒေသခံများအား နောက်ဆက်တွဲ မြေငလျင်များ ဖြစ်ပေါ်နိုင်ခြေရှိသဖြင့် သတိထားကြရန်၊ ဒေသခံအာဏာပိုင်များနှင့် သတိပေးရေးဌာနများထံမှ ထုတ်ပြန်သော အချက်အလက်များကို စောင့်ကြည့်လိုက်နာကြရန် အကြံပြုထားပါသည်။
Source: The Nation Thailand