ထိုင်းတောင်ပိုင်း ပတ္တာနီ၌ စတိုးဆိုင် ထပ်မံ ဗုံးခွဲခံရ၊ ရဲတပ်ဖွဲ့နှင့် ပစ်ခတ်မှုအပြီး တိုက်ခိုက်သူ ၂ ဦး ဖမ်းဆီးရမိ

ထိုင်းနိုင်ငံ တောင်ပိုင်းနယ်စပ် ပတ္တာနီ (Pattani) ခရိုင်၌ တနင်္လာနေ့ညက 7-Eleven စတိုးဆိုင်တစ်ဆိုင် ထပ်မံ ဗုံးခွဲ မီးရှို့ခံခဲ့ရပြီး၊ ရဲတပ်ဖွဲ့နှင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် မသင်္ကာသူ တိုက်ခိုက်သူ ၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ပြည်တွင်းလုံခြုံရေး အကူအညီပေးရေး ဌာနချုပ် (ISOC) က ထုတ်ပြန်လိုက်ပါတယ်။
ဩဂုတ် ၂၄ ရက် (တနင်္လာနေ့) ည ၈ နာရီခန့်တွင် ပတ္တာနီခရိုင်၊ မာယော (Mayo) မြို့နယ်၊ လငါ (La Nga) ကျေးရွာအုပ်စုရှိ Ban Ta Bae ကျေးရွာ၌ တည်ရှိသော 7-Eleven စတိုးဆိုင်ကို အကြမ်းဖက်သမားများက ဗုံးခွဲ မီးရှို့ခဲ့ကြသည်။
သတင်းရရှိ၍ အခင်းဖြစ်နေရာသို့ ရဲတပ်ဖွဲ့ဝင်များ ချက်ချင်း ရောက်ရှိလာစဉ် တိုက်ခိုက်သူများနှင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ လုံခြုံရေး သံဃောကျားကားတစ်စီး ပျက်စီးသွားခဲ့ပြီး မသင်္ကာသူ ၂ ဦးကို ဖမ်းဆီးရမိခဲ့သည်။
ဩဂုတ် ၂၂ ရက် (စနေနေ့) ညပိုင်းမှစ၍ ထိုင်းတောင်ပိုင်းဒေသများ၌ ဖြစ်ပွားနေသည့် အကြမ်းဖက် တိုက်ခိုက်မှုများတွင် 24 စတိုးဆိုင်များသည် မကြာခဏ ပစ်မှတ်ထား ခဲ့ရသည်။
ISOC ၏ အကူအဖွဲ့ ညွှန်ကြားရေးဌာန ဒုတိယပြောရေးဆိုခွင့်ရှိသူ စစ်သံမှူး Ekwarit Chobchupol ၏ အဆိုအရ ပြီးခဲ့သည့် စနေ/တနင်္ဂနွေ သီတင်းပတ်အတွင်း နရာသီဝပ်၊ ပတ္တာနီ၊ ဆုန်းခလာ နှင့် ယာလာ ခရိုင် ၄ ခု၌ အကြမ်းဖက် ဖြစ်စဉ်ပေါင်း ၇၅ ကြိမ်အထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။
Source;Bangkok Post