သြဂုတ်လ (၆) ရက်နေ့တွင် ရဲမှူးချုပ် ဆီအမ် ဘွန်းစွမ်(Pol Lt Gen Siam Boonsom) ဦးဆောင်သော မြို့တော်ရဲတပ်ဖွဲ့ဝင်အဖွဲ့တစ်ဖွဲ့သည် ဘန်ကောက်မြို့ ဆွမ်လွန်( Suan Luang) ခရိုင်ရှိ နေအိမ်တစ်လုံးသို့ ဝင်ရောက်ရှာဖွေခဲ့သည်။
ထိုရှာဖွေမှုမှာ ထင်ရှားကျော်ကြားသော စီးပွားရေးလုပ်ငန်းရှင်မိသားစု၏ အမွေဆက်ခံသူတစ်ဦးဖြစ်ပြီး ဒီမိုကရက်ပါတီ၏ ဘန်ကောက်မြို့ လွှတ်တော်ကိုယ်စားလှယ်လောင်းဟောင်းတစ်ဦးဖြစ်သူ အသက် (၃၃ နှစ်အရွယ် သနတ် သနကိတမ်နူအေး (ခေါ်) ဟစ်ဆိုး လွတ် နတ်၏ နေအိမ်ဖြစ်ပြီး စစ်ဆေးမှုအတွင်းတွင် သေနတ်အမျိုးမျိုး အော်တိုသေနတ်များ၊ လက်သေနတ်များ၊ ရက်ကပ်သေနတ်များ ၊တိုက်ခိုက်ရေးသေနတ်များ (Assault Rifles)၊ လျှပ်စစ်သေနတ်များ၊ စပ်မက်ရှင်းဂန်များ (Submachine Guns) စသည်ဖြင့် စုစုပေါင်း လက်နက် ၂၀ နှင့် ကျည်ဆန် ၁,၀၀၀ ကျော် ဖမ်းဆီးရမိခဲ့ပါသည်။
ဒါအပြင် မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် သက်ဆိုင်သော ပစ္စည်းများဖြစ်သည့် ကိုကိန်း (cocaine) တစ်ထုပ်နှင့် မက်သာဖက်တမင်း (methamphetamine) သုံးစွဲသည့် ပစ္စည်းအစုံ ၂ စုံကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။

အဆိုဖမ်းဆီးခြင်းသည် ပြည်သူ့သတင်းပေးသူတစ်ဦးနှင့် အမျိုးသမီးတစ်ဦး (နာမည်မဖော်ပြ) တို့မှ တိုင်ကြားမှုအပေါ်အခြေခံသည်။ သက်ဆိုင်သူအဆိုအရ၊ သူမသည် လွတ်နတ်၏အိမ်သို့ လူမှုရေးဆိုင်ရာ တွေ့ဆုံဖို့သွားရောက်စဉ် ၎င်းက မူးယစ်ဆေးဝါးများ စတင်သုံးစွဲကာ သေနတ်တစ်လက်ဖြင့် ခြိမ်းခြောက်ပြီး မူးယစ်ဆေးဝါးသုံးရန် ခြိမ်းခြောက်ခဲ့သည်။
သူမက ကနဦးတွင် ငြင်းဆန်ခဲ့ပြီးနောက် တိုက်ခိုက်ခြင်းခံခဲ့ရကာ အတင်းအကျပ်လုပ်ဆောင်စေပြီး မူးယစ်ဆေးခတ်ခံခဲ့ရသည်။ ဟစ်ဆိုး လွတ် နတ် မူးယစ်ဆေးကြောင့် သတိမေ့သွားသောအခါ သူမသည် ဓာတ်ပုံများရိုက်ယူပြီး နေအိမ်မှ ထွက်ပြေးနိုင်ခဲ့သည်။ သူမ၏အသက်ကို စိုးရိမ်သောကြောင့် နောက်ပိုင်းတွင် ကလေးနှင့်အမျိုးသမီးများကာကွယ်စောင့်ရှောက်ရေးဌာနသို့ သွားရောက်တိုင်ကြားခဲ့သည်။
ဟစ်ဆိုး လွတ် နတ်အား လိုင်စင်မရှိဘဲ လက်နက်များနှင့် ကျည်ဆန်များ ပိုင်ဆိုင်မှု၊ အမျိုးအစား (class-2) အဆင့်ရှိ မူးယစ်ဆေးဝါး (ကိုကိန်း) ကို တရားမဝင် ပိုင်ဆိုင်မှုတို့ဖြင့် စွဲချက်တင်ထားသည်။ ထို့နောက် မေးမြန်းစစ်ဆေးမှုများ ထပ်မံပြုလုပ်ရန် ခလွန်တန်ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။
ထိုနေအိမ်အနီးရှိ နေထိုင်သူများသည် အမျိုးသမီးများအိမ်ရှေ့တွင် ငိုယိုခြင်းနှင့် ပုံမှန်အော်ဟစ်ရန်ဖြစ်မှုများအပါအဝင် မကြာခဏ အနှောင့်အယှက်များ ဖြစ်ပေါ်လေ့ရှိကြောင်း တိုင်ကြားထားသည်။
ရဲတပ်ဖွဲ့သည် အလားတူအလွဲသုံးစားပြုမှုများ၏ အခြားသားကောင်များအား ကလေးနှင့်အမျိုးသမီးများကာကွယ်စောင့်ရှောက်ရေးဌာန သို့မဟုတ် ခလွန်တန်ရဲစခန်းတွင် လာရောက်တိုင်ကြားရန် တိုက်တွန်းထားကြောင်း သတိရရှိပါသည်။