ပရာချင်ဘူရီတွင် ရေကြီးရေကျချိန် ရေနံဆီလွှာများ မြစ်အတွင်းသို့ မရောက်ရှိစေရန် အရေးပေါ် တားဆီးထိန်းချုပ်

ထိုင်းနိုင်ငံ၊ ပရာချင်ဘူရီ (Prachin Buri) ခရိုင်တွင် ရေကြီးရေကျပြီးနောက် မြစ်ချောင်းများအတွင်းသို့ အဆိပ်အတောက် ဖြစ်စေနိုင်သော ရေနံစိမ်း သို့မဟုတ် စွန့်ပစ်ဆီလွှာများ မရောက်ရှိစေရန်နှင့် သဘာဝပတ်ဝန်းကျင်နှင့် ပြည်သူ့ကျန်းမာရေးကို ထိခိုက်မှု မရှိစေရန် သဘာဝပတ်ဝန်းကျင် ထိန်းချုပ်ရေး အာဏာပိုင်များက အေဂျင်စီများစွာနှင့် ပူးပေါင်း၍ အရေးပေါ် တားဆီးထိန်းချုပ်မှုများ လုပ်ဆောင်လျက် ရှိပါတယ်။

သဘာဝအရင်းအမြစ်နှင့် ပတ်ဝန်းကျင်ဝန်ကြီး Suchart Chomklin က ပရာချင်ဘူရီ မြစ်အတွင်းသို့ ရေနံဆီလွှာများ စိမ့်ဝင်မလာစေရန်၊ ရေအရည်အသွေးကို စောင့်ကြည့်ရန်နှင့် ပျံ့နှံ့မှုကို အမြန်ဆုံး တားဆီးရန် ပတ်ဝန်းကျင်ညစ်ညမ်းမှု ထိန်းချုပ်ရေးဦးစီးဌာန (PCD) ကို ညွှန်ကြားထားသည်။

အောက်တိုဘာ ၁၇ ရက်မှစ၍ PCD နှင့် ဒေသဆိုင်ရာ တာဝန်ရှိသူများသည် Si Maha Phot နှင့် Si Mahosot မြို့နယ်များတွင် ကွင်းဆင်း စစ်ဆေးမှုများ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့ကြသည်။ စက်ရုံအချို့ကိုလည်း အတွင်းပိုင်း စစ်ဆေးမှုများ တင်းကြပ်စွာ လုပ်ဆောင်ရန်နှင့် ရေဆိုးများ စိမ့်ထွက်မှု မရှိစေရန် ညွှန်ကြားထားသည်။

ရေနံဆီလွှာများ သဘာဝ ရေနုတ်မြောင်းများအတွင်းသို့ ပျံ့နှံ့မသွားစေရန် ပင်လယ်ရေကြောင်း ရုံး၏ အကူအညီဖြင့် Bang Phluang တူးမြောက်ပေါ်ရှိ တံတား ၃ စင်း (Kham Phak Chi၊ Muang Khao နှင့် Hua Phai Thes တံတားများ) တွင် ရေနံကာ တာတမံများနှင့် စုပ်ယူသည့် အဝတ်စများကို တပ်ဆင် အသုံးပြုထားသည်။တွေ့ရှိရသည့် ရေနံဆီလွှာများကို စုပ်ယူသည့် ပစ္စည်းများ အသုံးပြု၍ စနစ်တကျ ခပ်ထုတ်လျက်ရှိပြီး သဘာဝပတ်ဝန်းကျင် စံချိန်စံညွှန်းများနှင့်အညီ စွန့်ပစ်လျက် ရှိသည်။

ရေရှည် အရေးယူဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန်အတွက် ဓာတ်ခွဲခန်း နမူနာများကို ဆက်လက် စစ်ဆေးနေပြီး ရေထုညစ်ညမ်းမှု ကာကွယ်ရေးနှင့် ရပ်ရွာလုံခြုံရေးကို အဓိကထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဝန်ကြီးက အလေးပေး ပြောကြားခဲ့သည်။

Source;ThaiPBS