ထိုင်းနိုင်ငံ၊ ရာချ်ဘူရီ (Ratchaburi) ခရိုင်၊ ဘာန်ပုန်း (Ban Pong) မြို့နယ်တွင် နေထိုင်သည့် အသက် ၆၂ နှစ်အရွယ် အဘွား စုမ်ရင်မ် (ยายเริง / Yai Roeng) သည် ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့ ထွက်ရှိခဲ့သော ထိုင်းရိုးရာ ထီပေါက်စဉ်တွင် ပထမဆု 423224 ၄ စောင် ပေါက်ကွဲခဲ့ပြီး စုစုပေါင်း ဘတ် ၂၄ သန်း (မြန်မာငွေ သိန်းပေါင်းများစွာ) ဆွတ်ခူးသွားခဲ့ပါတယ်။
အဘွား စုမ်ရင်မ်သည် Lottery Plus (ลอตเตอรี่พลัส) အွန်လိုင်း ပလက်ဖောင်းမှတစ်ဆင့် ပထမဆု 423224 ၄ စောင်ကို ဝယ်ယူခဲ့ခြင်းဖြစ်သည်။
ထီထွက်သည့်နေ့တွင် သားဖြစ်သူနှင့်အတူ ထီတိုက်ခဲ့ရာ နောက်ဆုံးဂဏန်း 224 ကိုတွေ့ရှိသဖြင့် ၃ ဂဏန်းဆု ပေါက်သည်ဟု ထင်မှတ်ကာ ဘတ် ၁ သိန်းနီးပါး ရမည်ဟု ဝမ်းသာနေခဲ့သည်။ သို့သော်လည်း ခတ္တအကြာတွင် Lottery Plus ပိုင်ရှင် နော့ထ် (Notth) ကိုယ်တိုင် ဖုန်းဆက်၍ ပထမဆု ၄ စောင် (ဘတ် ၂၄ သန်း) ပေါက်ကြောင်း အကြောင်းကြားခဲ့သဖြင့် အံ့အားသင့်ကာ သတိလစ်မတတ် ဝမ်းသာခဲ့ရသည်။
အဘွား စုမ်ရင်မ်သည် မိသားစုပိုင် ပစ်ကပ်ကား နံပါတ် 4282 ကို အခြေခံ၍ ထီထိုးခဲ့ခြင်းဖြစ်ပြီး၊ ထီမထွက်မီတွင် ပုစွန်များ အများအပြား မက်ခြင်းနှင့် မိဘများအတွက် ရက် ၁၀၀ ပြည့် အလှူပြုလုပ်ခဲ့သည့် နိမိတ်များရှိခဲ့ကြောင်း ပြောပြခဲ့သည်။
ရရှိလာသည့် ဘတ် ၂၄ သန်း အနက်မှ အိမ်သစ်ဆောက်လုပ်ရန်၊ မိသားစုအတွက် ရင်းနှီးမတည်ငွေ စုဆောင်းထားရန်နှင့် မြေပိုင်ရှင်နတ်စင် (ศาลพระภูมิ) အသစ် ပူဇော်ဆောက်လုပ်သွားရန် အဘွား စုမ်ရင်မ်က စီစဉ်ထားကြောင်း သိရပါတယ်။
Source;Cloud Pang
