ထိုင်းနိုင်ငံ၊ ကန်ချနပူရီ (Kanchanaburi) ခရိုင်၊ စံခလာဘူရီ (Sangkhlaburi) မြို့နယ်ရှိ သဘာဝ နယ်စပ်လမ်းကြောင်းမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာသည့် မအေးအေးခိုင် အပါအဝင် မြန်မာနိုင်ငံသား ၁၄ ဦးအား နိုဝင်ဘာ ၅ ရက် ညပိုင်းတွင် ထိုင်းရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့တို့က ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သတင်းရရှိပါတယ်။
နိုဝင်ဘာ ၅ ရက် ည ၁၀:၀၀ နာရီခန့်တွင် စံခလာဘူရီ ရဲစခန်းမှ တာဝန်ရှိသူများ၊ နယ်ခြားစောင့်ရဲ ၊ နယ်မြေအုပ်ချုပ်ရေးအဖွဲ့နှင့် လတ်ယာ (Lat Ya) စစ်ကြောင်းတို့ ပူးပေါင်း၍ တောစပ်အနီး သဘာဝလမ်းကြောင်းများကို စစ်ဆေးစဉ် မအေးအေးခိုင် ပါဝင်သော စံခလဘူရီ နယ်စပ်တောစပ်၌ ပုန်းအောင်းနေသည့် စက်ရုံ/အလုပ်ရုံ သွားရောက်မည့် သံသယဖြစ်ဖွယ် အမျိုးသား၊ အမျိုးသမီး ၁၄ ဦးကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
တာဝန်ရှိသူများက စာရွက်စာတမ်း စစ်ဆေးရာတွင် ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့် အထောက်အထား စာရွက်စာတမ်း တစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိသည့်အပြင် ထိုင်းစကားကိုလည်း ပြောဆိုနားလည်နိုင်ခြင်း မရှိပါ။ စကားပြန်မှတစ်ဆင့် စေျးမေးရာ တရားမဝင် ခိုးဝင်လာသူများဖြစ်ကြောင်း ဝန်ခံခဲ့ကြသည်။
ဖမ်းဆီးရမိသူ ၁၄ ဦးလုံးအား “ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်စနူး နေထိုင်မှု” ဥပဒေပုဒ်မများဖြင့် စံခလဘူရီ ရဲစခန်း တာဝန်ရှိသူများထံ ပို့ဆောင်ကာ ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်လျက် ရှိပါတယ်။
Source;ข่าวเด่นภูมิภาคทั่วไทย กาญจนบุรี
