ဝန်ကြီးချုပ်ဟောင်း ထက်ဆင် ရှင်နာဝပ်ထရာသည် (၂၀၂၅) ခုနှစ်၊ စက်တင်ဘာလ (၄) ရက်နေ့ ညပိုင်းတွင် ၎င်း၏ ကိုယ်ပိုင်ဂျက်လေယာဉ် T7GTS ဖြင့် ထိုင်းနိုင်ငံမှ ထွက်ခွာခဲ့သည်။ မူလက စင်ကာပူသို့ ဦးတည်ပျံသန်းမည်ဟု ဖော်ပြထားသော်လည်း ဒူဘိုင်းမြို့သို့ လမ်းကြောင်းပြောင်းခဲ့သည်။
စက်တင်ဘာလ (၅) ရက်နေ့ နံနက် (၂:၄၀) နာရီခန့် (ဘန်ကောက်စံတော်ချိန်) တွင် သတ်ဆင်သည် ၎င်း၏ ကိုယ်ပိုင် X အကောင့်တွင် နိုင်ငံခြား၌ ရှိစဉ်က ကုသပေးခဲ့သော ဆရာဝန်များနှင့် ဆေးစစ်မှုခံယူရန် နိုင်ငံခြားသို့ ခရီးထွက်ခဲ့ကြောင်း ရေးသားခဲ့သည်။ သူသည် “၁၄ ထပ် အမှု” ဖြင့် စက်တင်ဘာ (၉) ရက်နေ့တွင် တရားရုံးချုပ်၌ ကိုယ်တိုင်လာရောက်အစစ်ခံရန်အတွက် စက်တင်ဘာ ၈ ရက်နေ့ထက် နောက်မကျဘဲ ထိုင်းနိုင်ငံသို့ ပြန်လာမည်ဟု အလေးအနက်ပြောကြားခဲ့သည်။
နောက်ဆုံးရ သတင်းတွေအရ ထက်ဆင်သည် ယနေ့ည (၉) နာရီတွင် ၎င်း၏ ကိုယ်ပိုင်ဂျက်လေယာဉ် T7GTS ဖြင့်ပင် ဒူဘိုင်းမှ စတင်ထွက်ခွာမည်ဖြစ်ပြီး ဦးစွာ စင်ကာပူသို့ သွားရောက်ကာ ထို့နောက်မှ ဘန်ကောက်သို့ ဆက်လက်ပျံသန်းမည်ဖြစ်သည်။၎င်းသည် (၂၀၂၅) ခုနှစ်၊ စက်တင်ဘာ ၈ ရက် တနင်္လာနေ့ ညနေ (၅) နာရီတွင် ထိုင်းနိုင်ငံသို့ ရောက်ရှိမည်ဟု မျှော်လင့်ရသည်။
ဒူဘိုင်းသို့ ရောက်ရှိပြီးနောက် လူမှုမီဒီယာပလက်ဖောင်း X တွင် ရေးသားရာ၌ ထက်ဆင်သည် ၎င်းနိုင်ငံခြား၌ ရှိနေစဉ်အတွင်း ကုသပေးခဲ့သော ဆရာဝန်တစ်ဦးနှင့် ဆေးစစ်မှုခံယူရန် မူလက စင်ကာပူသို့ သွားရန်စီစဉ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
သို့သော်လည်း သူသည် ပြီးခဲ့သည့် သြဂုတ်လကုန်တွင် ဘုရင်စနစ်ကို ပြစ်မှားမှုဆိုင်ရာ စွဲချက်များမှ ကင်းလွတ်ခဲ့သော်လည်း ထိုင်းလူဝင်မှုကြီးကြပ်ရေးအရာရှိများသည် မထွက်ခွာမီ နှစ်နာရီနီးပါးကြာအောင် နှောင့်နှေးစေခဲ့သည်ဟု အခိုင်အမာဆိုခဲ့သည်။ တရားခွင်အတွင်း သူသည် နိုင်ငံပြင်ပသို့ ထွက်ခွာခြင်းမှ တားမြစ်ခံထားရသော်လည်း အပြစ်မှ လွတ်မြောက်ခဲ့ပြီးနောက်တွင် မည်သည့်ထိုင်းနိုင်ငံသားမဆိုကဲ့သို့ နိုင်ငံခြားခရီးသွားလာခွင့်ကို ပြန်လည်ရရှိခဲ့သည်ဟု ၎င်းက ဆိုသည်။

ထက်ဆင်၏ ပြောကြားချက်အရ ထိုသို့နှောင့်နှေးမှုကြောင့် ၎င်း၏လေယာဉ်သည် ကိုယ်ပိုင်ဂျက်လေယာဉ်များ ဆင်းသက်ရာ Seletar လေဆိပ်သို့ ဆင်းသက်နိုင်မည်မဟုတ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ထိုလေဆိပ်သည် ဒေသစံတော်ချိန် ည ၁၀ နာရီတွင် ပိတ်လေ့ရှိသောကြောင့် (စင်ကာပူစံတော်ချိန်သည် ထိုင်းနိုင်ငံထက် တစ်နာရီပို၍စောသည်) ဟု သိရသည်။
အချိန်မီ စင်ကာပူသို့ မရောက်နိုင်တော့သည့်အတွက် သူသည် လေယာဉ်မှူးကို လမ်းကြောင်းပြောင်း၍ ဒူဘိုင်းသို့ သွားရန် ညွှန်ကြားခဲ့ပြီး၊ ထိုနေရာတွင် အရိုးအကြောအဆစ်ရောဂါနှင့် အဆုတ်ရောဂါဆိုင်ရာ အထူးကုဆရာဝန်များနှင့် အတန်ကြာတိုင်ပင်ဆွေးနွေးခဲ့ဖူးကြောင်း သိရသည်။ ထို့ပြင် ဤခရီးတိုလေးသည် နှစ်နှစ်ကျော်ကြာ မတွေ့ခဲ့ရသော သူငယ်ချင်းများနှင့် ပြန်လည်ဆုံဆည်းခွင့်လည်း ရခဲ့သည်။ ၎င်း၏ လေယာဉ်သည် ဒူဘိုင်းသို့ ဆင်းသက်ခွင့်မရမီ ဝဲပျံနေခဲ့ပြီး နောက်ဆုံးတွင်မှ ဆင်းသက်ခွင့်ပြုခဲ့ကြောင်းလည်း ဖြည့်စွက်ပြောကြားခဲ့သည်။
ထက်ဆင်သည် ၎င်း၏ ရေးသားမှုအား နိဂုံးချုပ်အနေဖြင့် “၁၄ ထပ် အမှု” ၏ ကြားနာမှုအတွက် နောက်နေ့တွင် တရားရုံးချုပ်၌ ကိုယ်တိုင်လာရောက်အစစ်ခံရန် စက်တင်ဘာ (၈) ရက်နေ့ထက် နောက်မကျဘဲ ထိုင်းနိုင်ငံသို့ ပြန်လာမည်ဟု အလေးအနက်ပြောကြားခဲ့သည်။ ဤအမှုသည် သတ်ဆင် (၂၀၂၄) ခုနှစ်တွင် ထိုင်းနိုင်ငံသို့ ပြန်ရောက်ပြီး ထောင်ဒဏ်ကျခံရန် အကျဉ်းထောင်သို့ ပို့ဆောင်ခံရသည့်ညက ရဲဆေးရုံချုပ်သို့ တက်ရောက်ခဲ့ခြင်းမှ စတင်ခဲ့ခြင်းဖြစ်သည်။
ထိုအချိန်မှစ၍ သူသည် ဆေးကုသမှုကြီးကြပ်မှုအောက်တွင် ပြစ်ဒဏ်ကာလကို အဆုံးသတ်ပြီး လွတ်မြောက်လာသည်အထိ အကျဉ်းထောင်သို့ ပြန်မသွားခဲ့ပေ။ ဤအချက်ကြောင့် သူသည် ပြစ်ဒဏ်ကို အမှန်တကယ်ကျခံပြီးပြီလားဆိုသည့် ငြင်းခုံမှုများ ပိုမိုကြီးထွားလာစေခဲ့ကြောင်းသိရပါသည်။
Source: The Nation Thailand