Thaksinကို  အကျဉ်းထောင်ပြောင်းရွှေ့ပြီး ပြစ်ဒဏ်စတင်ကျခံစေ

ဝန်ကြီးချုပ်ဟောင်း Thaksin Shinawatraဟာ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်အပြီးမှာ တစ်နှစ်ပြစ်ဒဏ်ကျခံဖို့အတွက် Klong Prem ဗဟိုအကျဉ်းထောင်ကို ပြောင်းရွှေ့ခံခဲ့ရပါတယ်။

တရားရုံးက Thakin ဟာ အရေးပေါ်အခြေအနေ မဟုတ်တဲ့အတွက် ရဲဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေခဲ့တာဟာ တရားမဝင်ဘူးလို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ခွဲစိတ်မှုပေါင်းများစွာ ပြုလုပ်ခဲ့တယ်ဆိုတဲ့အချက်တွေဟာလည်း ချဲ့ကားထားတာဖြစ်တယ်လို့ တရားရုံးက ထောက်ပြခဲ့ပါတယ်။

မူလ ၈ နှစ်ကနေ ဘုရင့်ရဲ့သက်ညှာမှုနဲ့ လျှော့ပေါ့ပေးလိုက်တဲ့ တစ်နှစ်ပြစ်ဒဏ်ကို ဒီနေ့ စက်တင်ဘာလ ၉ ရက်နေ့ကစတင်ပြီး ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့အထိ ကျခံရမှာဖြစ်ပါတယ်။

အကျဉ်းဦးစီးဌာနကလည်း အပြစ်ရှိကြောင်း အမိန့်ချမှတ်ခံထားရသူတွေကို ပုံမှန်လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။

Source: The Nation Thailand