AIS SIAM နှင့် Chulalongkorn တက္ကသိုလ်တို့၏ နှစ်သစ်ကူးပွဲတော်ကြီး

ဘန်ကောက်၊ ထိုင်း — ဘန်ကောက်မြို့၏ အထင်ကရနေရာတစ်ခုဖြစ်သော Siam Square သည် ယခုနှစ်ကုန်တွင် လူငယ်များအတွက် အတက်ကြွဆုံးနှင့် အလှပဆုံး ပွဲတော် Hub ကြီးတစ်ခု ဖြစ်လာတော့မည်ဖြစ်သည်။ AIS SIAM နှင့် Chulalongkorn တက္ကသိုလ် (PMCU) တို့ ပူးပေါင်း၍ “SIAM SQUARE STREET OF DREAMZ 2026” ပွဲတော်ကြီးကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။

အင်္ဂါနေ့ညနေပိုင်းက ခေတ်မီဆန်းသစ်သော ဒီဇိုင်းဖြင့် ပြုလုပ်ထားသည့် ဧရာမခရစ္စမတ်သစ်ပင်ကြီးကို မီးထွန်းညှိဖွင့်လှစ်ခဲ့ပြီး ပွဲတော်ကာလ ၁၃ ရက်တာကို စတင်လိုက်ပြီဖြစ်သည်။Siam Square နှင့် Siam Square One တစ်လျှောက်တွင် Fujifilm, MINISO, BEAUTRIUM, POP MART နှင့် Hirono ကဲ့သို့ နာမည်ကြီး Brand ပေါင်းများစွာ၏ အထူးအစီအစဉ်များနှင့် Activation များ ရှိနေမည်ဖြစ်သည်။

Photo Courtesy of Khaosod

နှစ်သစ်ကူးည (ဒီဇင်ဘာ ၃၁)၊ ညနေ ၆ နာရီမှစတင်၍ ထိုင်းနိုင်ငံ၏ နာမည်ကြီး Idol များနှင့် အနုပညာရှင်များစွာ ပါဝင်မည့် ဖျော်ဖြေပွဲကြီးကို ကျင်းပမည်ဖြစ်သည်။ ပါဝင်မည့်သူများမှာ-

▪️Top Idols: Jung, Cullen, Jes Jespipat, Bible Wichapas။

▪️Artists & Bands: LYKN, bamm, SERIOUS BACON, Firstone Wannakorn နှင့် အခြားအနုပညာရှင်များစွာ။

▪️Online ကြည့်ရှုလိုသူများအတွက်: ကိုယ်တိုင်မသွားနိုင်ပါက ဒီဇင်ဘာ ၃၁ ရက်၊ ည ၁၀ နာရီမှ ၁၂:၃၀ နာရီအထိ Facebook နှင့် Instagram တို့မှတစ်ဆင့် တိုက်ရိုက် (Live) ကြည့်ရှုနိုင်ပါသည်။

ဤပွဲတော်သည် ဖျော်ဖြေပွဲကြည့်ရန်သက်သက်မဟုတ်ဘဲ လူငယ်များ မိမိတို့၏ ဝါသနာကို ထုတ်ဖော်ပြသနိုင်ရန် “Step to your Dreamz & Vinyl Stage” ကိုလည်း စီစဉ်ထားသည်။

▪️Street Performance: Busking တီးဝိုင်းများ၊ Random Dance များ။

▪️Cosplay: Cosplay ဝါသနာရှင်များအတွက် နေရာတစ်ခု။

▪️Siam Mover: လမ်းဘေးဖျော်ဖြေမှုအနုပညာရှင်များ၏ စွဲမက်ဖွယ်ပြကွက်များ။

Siam Square သည် လာမည့်ရက်အနည်းငယ်အတွင်း ဘန်ကောက်တွင် ဓာတ်ပုံရိုက်ရန် အလှဆုံးနှင့် အပျော်ဆုံးနေရာတစ်ခု ဖြစ်လာမှာ သေချာပါသည်။

Source: Nation Thailand