အရှေ့အလယ်ပိုင်းမှာ တင်းမာမှုတွေ အရှိန်မြင့်လာတာကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းဟာ တစ်ဘာရယ်ကို အမေရိကန်ဒေါ်လာ ၂၀၀ အထိ ထိုးတက်သွားနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက သတိပေးလိုက်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်ရဲ့ အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်လိုက်ပြီးနောက်မှာ၊ အီရန်ဘက်ကလည်း သူတို့ရဲ့မဟာမိတ် Houthi တွေကတစ်ဆင့် ဗျူဟာမြောက်အရေးပါတဲ့ Bab el-Mandeb ရေလက်ကြားကို ပိတ်ပစ်ဖို့ အချက်ပြလိုက်တာပါ။

ဒီရေလက်ကြားဟာ ကမ္ဘာ့ပင်လယ်ရေကြောင်းကုန်သွယ်မှုရဲ့ ၁၂ ရာခိုင်နှုန်း ရှိပြီး တစ်နေ့ကို ရေနံစည်ပေါင်း ၄ သန်းကျော် ဖြတ်သန်းနေတဲ့ အဓိကလမ်းကြောင်းဖြစ်ပါတယ်။ အကယ်၍ “Gate of Grief” လို့ခေါ်တဲ့ ဒီရေလမ်းကြောင်းသာ တကယ်ပိတ်ဆို့ခံရမယ်ဆိုရင် အရှေ့အလယ်ပိုင်းက ရေနံတင်ပို့မှုတွေအားလုံး ပြတ်တောက်သွားမှာပါ။
JPMorgan ရဲ့ ခန့်မှန်းချက်အရ ဒီအခြေအနေဟာ ကမ္ဘာ့စီးပွားရေးကို ကပ်ဆိုက်စေနိုင်ပြီး ပြင်းထန်တဲ့ ငွေကြေးဖောင်းပွမှုတွေကို ဖြစ်လာစေနိုင်တယ်လို့ သိရပါတယ်။
Source; Nation Thailand
