ကယ်လီဖိုးနီးယား (California)မီးရှူးမီးပန်းစက်ရုံ ပေါက်ကွဲမှု လူ ၇ ဦး ပျောက်ဆုံး

ကယ်လီဖိုးနီးယား (California) မှာ မီးရှူးမီးပန်းစက်ရုံ ပေါက်ကွဲမှုဖြစ်လို့ လူ ၇ ဦး ပျောက်ဆုံးနေပါတယ်။

ဇူလိုင် ၄ ရက် (July 4) မတိုင်ခင် ဖြစ်ခဲ့တဲ့ ဒီပေါက်ကွဲမှုကြောင့် မြေဧက ၇၈ ဧက မီးလောင်ခဲ့ပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ ပျောက်ဆုံးသူတွေကို ရှာဖွေနေဆဲဖြစ်ပြီး၊ ဆက်လက်ပေါက်ကွဲနိုင်တဲ့ အန္တရာယ်ကြောင့် မီးသတ်သမားတွေနဲ့ ကယ်ဆယ်ရေးသမားတွေဟာ ဘေးကင်းတဲ့ အကွာအဝေးကနေပဲ စောင့်ကြည့်နေရတုန်းပါပဲ။ 

ဒရုန်းတွေနဲ့ ရှာဖွေမှုတွေ ပြုလုပ်နေပြီး၊ အနီးဝန်းကျင်က အိမ်ခြေ ၁၅၀ လောက်လည်း မီးပြတ်တောက်က်နေတယ်လို့ သိရပါတယ်။ တာဝန်ရှိသူတွေကတော့ ဒီဖြစ်စဉ်က အလွန်အန္တရာယ်များလို့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ခက်ခဲနေကြောင်း ပြောကြားသွားပါတယ်။

Leave a Reply