Disneyland Thailand စီမံကိန်းသည် အိပ်မက်မဟုတ်ဘဲ တကယ်ဖြစ်လာမည်ဟု ဒုဝန်ကြီးချုပ် အတည်ပြု

ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးဝန်ကြီး Mr. Phiphat Ratchakitprakarn က EEC နယ်မြေအတွင်း ကမ္ဘာ့အဆင့်မီ “Disneyland” တည်ဆောက်မည့်အပေါ် သံသယရှိနေသူများကို တုံ့ပြန်လိုက်ပြီး၊ ထိုင်းနိုင်ငံတွင် ထိုကဲ့သို့ ပရောဂျက်မျိုး ဖော်ဆောင်နိုင်သည့် အရည်အသွေး အပြည့်အဝရှိကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

ဤစီမံကိန်းသည် ရိုးရိုးကစားကွင်း (Theme Park) တစ်ခုတည်း မဟုတ်ဘဲ အောက်ပါတို့ ပါဝင်မည်ဖြစ်သည် –

  • ကမ္ဘာ့အဆင့်မီ ဖျော်ဖြေရေးခန်းမ (Concert Hall): နိုင်ငံတကာ အနုပညာရှင်များ လာရောက်ဖျော်ဖြေနိုင်ရန်။
  • အားကစားကွင်းကြီး: ပရိသတ် ၈ သောင်း (၈၀,၀၀၀) ကျော် ဆန့်သည့် နိုင်ငံတကာအဆင့်မီ အားကစားကွင်း။
  • ကာစီနို မပါဝင်ပါ: ဤစီမံကိန်း အောင်မြင်ရန်အတွက် ကာစီနို (လောင်းကစားရုံ) ပါဝင်ရန် မလိုအပ်ကြောင်း Mr. Phiphat က အတိအလင်း ပြောကြားခဲ့သည်။
Photo Courtesy of Thaiger

အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သည့်စနစ် (Public-Private Partnership) ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီများ၏ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုကို အသုံးပြုမည်ဖြစ်သည်။ဘန်ကောက်၊ ပတ္တရား နှင့် ရယောင်း မြို့များသို့ အလွယ်တကူ သွားလာနိုင်ပြီး၊ အဆင့်မြင့်လေဆိပ်များ၊ အမြန်ရထားလမ်းများနှင့် ဆိပ်ကမ်းများ အဆင်သင့်ရှိနေသည့် EEC နယ်မြေကို ဗဟိုချက်အဖြစ် ရွေးချယ်ထားခြင်း ဖြစ်သည်။

ဤစီမံကိန်းသည် ထိုင်းနိုင်ငံကို Global Entertainment & Lifestyle Hub တစ်ခုအဖြစ် ပြောင်းလဲပေးမည်ဖြစ်ပြီး – ၁။ အလုပ်အကိုင် အခွင့်အလမ်းသစ်များ ဖန်တီးပေးခြင်း။ ၂။ အရည်အသွေးမြင့် ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်ခြင်း။ ၃။ ထိုင်းနိုင်ငံကို Music & Sport Tourism (ဂီတနှင့် အားကစား ခရီးသွားလုပ်ငန်း) ၏ ဗဟိုချက်အဖြစ် မြှင့်တင်ခြင်းတို့ကို ရည်ရွယ်သည်။

“Disneyland Thailand ဖြစ်နိုင်သလားဆိုတဲ့ မေးခွန်းထက်၊ ဘယ်သူက အကောင်အထည်ဖော်မလဲဆိုတာက ပိုအရေးကြီးပါတယ်။ အခွင့်အလမ်းရှိတုန်း လက်လွတ်မခံဘဲ လုပ်ဆောင်ဖို့ လိုပါတယ်။ အကယ်၍ ကျွန်တော့်ရဲ့ Bhumjaithai Party ကိုသာ အစိုးရဦးဆောင်ဖို့ ရွေးချယ်မယ်ဆိုရင် ဒါတွေဟာ တကယ်ဖြစ်လာမှာပါ” ဟု Mr. Phiphat က ၎င်း၏ နိုင်ငံရေးမဲဆွယ်မှုအဖြစ် ထည့်သွင်းပြောကြားခဲ့သည်။

Source: The Nation