GBC ဆွေးနွေးပွဲ (၆) ကြိမ်မြောက် မူကြမ်းဖြင့် အဆုံးသတ်

ချန်သဘူရီ၊ ထိုင်း — ထိုင်းနှင့် ကမ္ဘောဒီးယားအကြား တင်းမာနေသည့် နယ်စပ်အရေးအတွက် ကျင်းပနေသော အထွေထွေနယ်စပ်ကော်မတီ (GBC) အစည်းအဝေး၏ တတိယမြောက်နေ့ (ဒီဇင်ဘာ ၂၆ ရက်) သည် (၆) ကြိမ်မြောက် သဘောတူညီချက်မူကြမ်းဖြင့် အဆုံးသတ်ခဲ့သည်။ ယခုအခါ ဒီဇင်ဘာ ၂၇ ရက်တွင် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန်မှာ ထိုင်းအမျိုးသားလုံခြုံရေးကောင်စီ (NSC) ၏ အတည်ပြုချက်အပေါ်တွင်သာ မူတည်တော့သည်။

ချန်သဘူရီခရိုင်၊ Pong Nam Ron မြို့နယ်၊ Ban Phakkad အမြဲတမ်းနယ်စပ်ဂိတ်ရှိ လူဝင်မှုကြီးကြပ်ရေးရုံး (၃) ထပ်တွင် ကျင်းပခဲ့ခြင်းဖြစ်သညနံနက် ၁၀ နာရီမှ စတင်ခဲ့သော ဆွေးနွေးပွဲသည် အလွန်တင်းမာသော အခြေအနေတွင် ရှိနေခဲ့သည်။

Photo Courtesy of Thai Rath

(၆) ကြိမ်မြောက် မူကြမ်းနှင့် ရှေ့ဆက်မည့်အစီအစဉ်

  • ၁။ NSC အတည်ပြုချက်: (၆) ကြိမ်မြောက် မူကြမ်း၏ အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ခြင်းမရှိသေးဘဲ ထိုင်းအမျိုးသားလုံခြုံရေးကောင်စီ (NSC) က အတည်ပြုရန် စောင့်ဆိုင်းနေသည်။
  • ၂။ လက်မှတ်ရေးထိုးပွဲ ပြင်ဆင်ခြင်း: မနက်ဖြန် (ဒီဇင်ဘာ ၂၇ ရက်) တွင် ထိုင်းကာကွယ်ရေးဝန်ကြီး Gen Natthaphon Narkphanit နှင့် ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီး Gen Tea Seiha တို့ လက်မှတ်ရေးထိုးနိုင်ရန်အတွက် အခမ်းအနားကျင်းပမည့်နေရာကို အာဏာပိုင်များက စတင်ပြင်ဆင်နေပြီဖြစ်သည်။
  • ၃။ သတင်းထုတ်ပြန်ရေးဌာန: နယ်စပ်အခြေအနေဆိုင်ရာ ပူးတွဲသတင်းထုတ်ပြန်ရေးဌာန (Joint Press Centre) ကိုလည်း ချန်သဘူရီရှိ အစည်းအဝေးကျင်းပရာနေရာသို့ ပြောင်းရွှေ့ဖွင့်လှစ်မည်ဖြစ်သည်။

ဒီဇင်ဘာ ၂၇ ရက်တွင် အပစ်အခတ်ရပ်စဲရေး စတင်ရန် မျှော်မှန်းထားသည်။အပစ်ရပ်စဲမှု အမှန်တကယ် ထိရောက်မှုရှိမရှိကို ၇၂ နာရီကြာ စောင့်ကြည့်စစ်ဆေးသွားမည်ဖြစ်သည်။ကမ္ဘောဒီးယားဘက်က ဒီဇင်ဘာ ၂၂ ရက်၊ မလေးရှားနိုင်ငံတွင် ပြုလုပ်သည့် အစည်းအဝေး၌ အပစ်အခတ်ရပ်စဲကြောင်း ဦးစွာကြေညာခဲ့ပြီးနောက် ယခုကဲ့သို့ လက်တွေ့ကျသော သဘောတူညီချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။

ဤ (၆) ကြိမ်မြောက် မူကြမ်းသည် နှစ်နိုင်ငံနယ်စပ်ရှိ ဒေသခံများနှင့် စစ်သားများအတွက် ငြိမ်းချမ်းရေးရရှိစေမည့် အဆုံးအဖြတ်ပေးမည့် စာချုပ်တစ်ခု ဖြစ်လာနိုင်ဖွယ် ရှိနေသည်။

Source: Nation Thailand