Lisa က “Amazing Thailand” သံတမန်အဖြစ် ထိုင်းနိုင်ငံ၏ အလှတရားများကို ကမ္ဘာသို့ ချပြမည်

ထိုင်းနိုင်ငံခရီးသွားလာရေးအာဏာပိုင်အဖွဲ့ (TAT) သည် “Feel All the Feelings” (ခံစားချက်အပြည့်နဲ့ ခရီးသွားကြစို့) ဆိုသည့် ကမ်ပိန်းအသစ်ဖြင့် Lisa ကို ထိုင်းနိုင်ငံ၏ ခရီးသွားသံတမန်အဖြစ် ဝပ်အရွန်းဘုရားကျောင်း၏ ရှုခင်းလှလှတွင် တရားဝင် မိတ်ဆက်ခဲ့သည်။

Lisa သည် အခမ်းအနားသို့ Balmain အမှတ်တံဆိပ်၏ အထူးချုပ်လုပ်ထားသော (Couture) ဝတ်စုံဖြင့် ရောက်ရှိလာခဲ့သည်။

ဤဝတ်စုံသည် ၁၉၆၀ ခုနှစ်တွင် ထိုင်းဘုရင်မကြီး (Her Majesty the Queen) အတွက် အထူးဒီဇိုင်းထုတ်ပေးခဲ့သည့် ဝတ်စုံကို အတုယူကာ Lisa အတွက် အသစ်ပြန်လည် ဖန်တီးထားခြင်းဖြစ်သည်။ထိုင်းရိုးရာ ရက်ကန်းထည်ကို အပေါ်ပိုင်းနှင့် လက်စွပ်များတွင် အသုံးပြုထားပြီး၊ အောက်ပိုင်းကို ဖျော့တော့သော ရွှေရောင် Satin Duchess ပိတ်စဖြင့် ကျော့ရှင်းစွာ ပေါင်းစပ်ထားသည်။

ဘတ် ၁၄ သန်းကျော် တန်ဖိုးရှိသော Bvlgari စိန်ဆွဲကြိုးကို ဆင်မြန်းထားပြီး၊ ထိုင်းနိုင်ငံ၏ ယဉ်ကျေးမှုနှင့် ခေတ်မီဖက်ရှင်တို့ကို ကမ္ဘာ့စင်မြင့်ပေါ်တွင် အကောင်းဆုံး ပေါင်းစပ်ပြသနိုင်ခဲ့သည်။

Photo Courtesy of Thairath

Lisa က သူမသည် ကော်ဇောနီပေါ်တွင် လမ်းလျှောက်နေစဉ် “Amazing Thailand” ၏ လှပလွန်းသော မြင်ကွင်းကြောင့် မျက်ရည်မထိန်းနိုင်အောင် ဖြစ်ခဲ့ရသည်ဟု ဆိုသည်။

“ထိုင်းနိုင်ငံသားတစ်ဦးအနေနဲ့ အခုလို နိုင်ငံကိုယ်စားပြု သံတမန်အဖြစ် ဆောင်ရွက်ခွင့်ရတဲ့အတွက် အရမ်းဂုဏ်ယူပြီး ကျေးဇူးတင်ပါတယ်။ ထိုင်းနိုင်ငံရဲ့ အလှအပတွေကို ကမ္ဘာကြီးက မြင်အောင် ကျွန်မ အကောင်းဆုံး တင်ပြသွားမှာပါ” ဟု Lisa က ပြောကြားခဲ့သည်။

Lisa ၏ အယ်လ်ဘမ်ထဲမှ ဇာတ်ကောင်အမျိုးမျိုး (Alter Egos) က ထိုင်းနိုင်ငံတွင် “Feel All the Feelings” ခံစားချက်ဖြင့် ခရီးသွားမည်ဆိုပါက –

  • Roxi: ရာဝရာ့ဇ် (Yaowarat) တရုတ်တန်းမှာ လမ်းလျှောက်ရင်း “ကျွန်မတို့နိုင်ငံကို လာလည်ကြပါ” လို့ ဧည့်သည်တွေကို ဖိတ်ခေါ်လိမ့်မယ်။
  • Sunni: ကမ်းခြေတွေဆီ သွားမယ်၊ ဒါမှမဟုတ် ဘန်ကောက်က လူမသိသေးတဲ့ Hidden Bars လှလှလေးတွေကို လိုက်ရှာလိမ့်မယ်။
  • Kiki: ခေတ်မီအမျိုးသမီးပီပီ လှပတဲ့နေရာတစ်ခုမှာ Bridge pose (တံတားထိုးတဲ့ ကိုယ်ဟန်) နဲ့ ဓာတ်ပုံရိုက်လိမ့်မယ်။
  • Speedi: တုတ်တုတ် (Tuk-tuk) တစ်စီးငှားပြီး မြို့ပတ်ပတ်လည်ကို လျှောက်သွားလိမ့်မယ်။
  • Vixi: ဈေးဆိုင်တွေမှာ ဈေးသည်တွေနဲ့ ပိုင်ပိုင်နိုင်နိုင် ဈေးဆစ်နေမှာ သေချာပါတယ်။

Source;The Nation