Lumpini and Benchakitti park ချိတ်ဆက်တံတား မေလ ၁ ရက်တွင် စတင်ဖွင့်လှစ်မည်

ဘန်ကောက်မြို့ပြစည်ပင်သာယာရေးအဖွဲ့ (BMA) ရဲ့ ဒုတိယမြို့တော်ဝန် ချာ့ကာပန် (Chakkapan Phewngam) က ပထုမ်ဝမ် (Pathum Wan) နယ်မြေအတွင်းရှိ အဆိုပါ စီမံကိန်းခွင်ကို သွားရောက်စစ်ဆေးခဲ့ပြီး မကြာခင် အများပြည်သူ အသုံးပြုနိုင်တော့မှာ ဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။

ပန်းခြံနှစ်ခုကို ချိတ်ဆက်ပေးမယ့် ဒီတံတားသစ်ဟာ အရှည် ၂၅၀ မီတာ ရှိပြီး လမ်းလျှောက်သူတွေ၊ အပြေးလေ့ကျင့်သူတွေအတွက် အဆင်ပြေစေမှာ ဖြစ်ပါတယ်။ တရားဝင် စီမံကိန်းကာလက ၂၀၂၆ မေလ ၁၁ ရက်မှာ ပြီးဆုံးမှာဖြစ်ပေမဲ့ မေလ ၁ ရက်နေ့ မှာတော့ အများပြည်သူတွေ အစမ်းအသုံးပြုနိုင်ဖို့အတွက် ကြိုတင်ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်။

Photo – Thaiger

မြို့ပြအတွင်း သစ်ပင်ရိပ်တွေအောက်မှာ အနားယူနိုင်မယ့်နေရာတွေ တိုးချဲ့ဖို့နဲ့ အသက်အရွယ်မရွေး ကိုယ်လက်လှုပ်ရှား ပြုလုပ်နိုင်မယ့် အဆောက်အအုံတွေ ဖန်တီးပေးဖို့ ဖြစ်ပါတယ်။ တံတားကို အင်ဂျင်နီယာနဲ့ ဗိသုကာပညာရပ်ဆိုင်ရာ စံချိန်စံညွှန်းတွေနဲ့အညီ တည်ဆောက်ထားပြီး အသုံးပြုသူတွေအတွက် အမြင့်ဆုံး လုံုံခြုံရေးရှိစေဖို့ ဒုတိယမြို့တော်ဝန်က ညွှန်ကြားထားပါတယ်။

ဒါ့အပြင် လုမ္ဗိနီပန်းခြံထဲမှာပဲ ဝိတ္တယုလမ်း (Witthayu Road) ဘက်အခြံ၌ ဂျပန်စတိုင် ခွေးပန်းခြံသစ်တစ်ခုကိုလည်း မကြာသေးမီက ဖွင့်လှစ်ခဲ့ပါသေးတယ်။ ဒါဟာ ဘန်ကောက်ရဲ့ ၉ ခုမြောက် တရားဝင် ခွေးပန်းခြံ ဖြစ်ပါတယ်။

Source;Thaiger