Musk က Apple သည် OpenAI ကို iPhone တွင် မမျှမတဦးစားပေးသည်ဟု စွပ်စွဲ

အီလွန် မာ့စ်ခ်(Elon Musk) သည် တနင်္လာနေ့ညပိုင်းလောက်က  Apple Inc’s app store လုပ်ဆောင်မှုများကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး iPhone ထုတ်လုပ်သူသည် OpenAI ကို မျက်နှာသာပေးသည်ဟု စွပ်စွဲခဲ့သည်။

လက်ရှိ Grok ဉာဏ်ရည်တုအဖွဲ့နှင့် X လူမှုကွန်ရက်ကို ပိုင်ဆိုင်သည့် ဘီလျံနာ xAI Holdings တည်ထောင်သူက Apple သည် OpenAI မှလွဲ၍ အခြားမည်သူမဆို App Store ၏ ထိပ်ဆုံးသို့ ရောက်ရန် မဖြစ်နိုင်အောင် ပြုလုပ်ထားကြောင်း၊ ယင်းသည် အက်ပ်တီထွင်သူများအတွက် ကမ္ဘာလုံးဆိုင်ရာ အာရုံစိုက်မှု ရရှိရန်အတွက် လိုလားတောင့်တသည့် အရာဖြစ်ကြောင်း ပြောကြားခဲ့သည်။ မာ့စ်ခ်သည် သူ X အကောင့်တွင် ပင်ထိုးထားသော ပို့စ်တစ်ခုတွင် Apple သည် သူ့ထုတ်ကုန်များကို မီးမောင်းထိုးပြခြင်းမရှိသည်မှာ “နိုင်ငံရေးကစားနေခြင်း” ဟုတ်မဟုတ် မေးခွန်းထုတ်ခဲ့သည်။

၎င်း၏ မှတ်ချက်များသည် ဇွန်လက အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်နှင့် ရင်ဆိုင်ခဲ့ရသည့် မာ့စ်ခ်၏ အကြီးမားဆုံး တိုက်ပွဲကို ဖော်ပြနေသည်။ ထိုစဉ်က နှစ်ဦးစလုံးသည် တစ်ဦးကိုတစ်ဦး မိမိတို့၏ လူမှုကွန်ရက်တွင် အပြန်အလှန် ပုတ်ခတ်ရေးသားခဲ့ကြသည်။ Apple နှင့် OpenAI ကိုယ်စားလှယ်များသည် မှတ်ချက်ပေးရန် တောင်းဆိုမှုများကို ချက်ချင်းတုံ့ပြန်ခြင်း မရှိခဲ့ပေ။

မာ့စ်ခ်က Apple ၏ လုပ်ရပ်ကို ယုံကြည်မှုချိုးဖောက်မှုအဖြစ် ရှုမြင်ပြီး xAI သည် တရားစွဲဆိုမှု ပြုလုပ်မည်ဟု ထပ်မံပြောကြားခဲ့သည်။ Apple နှင့် OpenAI တို့သည် နောက်ဆုံးပေါ် iPhones များတွင် AI နှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှုများရှိပြီး OpenAI ၏ ChatGPT သည် အမေရိကန်၌ ဒေါင်းလုဒ်အများဆုံး အခမဲ့ iPhone အက်ပ်ဖြစ်ကာ Grok က နံပါတ် (၅) နေရာတွင် ရှိနေသည်။ အသက် (၅၄) နှစ်အရွယ်ရှိ မာ့စ်ခ်သည် OpenAI ကို အတူတကွ တည်ထောင်ပြီးနောက် သဘောထားကွဲလွဲမှုများကြောင့် လမ်းခွဲခဲ့ကြရာမှ စတင်ကာ OpenAI ၏ အမှုဆောင်အရာရှိချုပ် ဆမ် အော့တ်မန် (Sam Altman) နှင့် ကာလကြာရှည်စွာ အငြင်းပွားမှုများ ရှိနေသည်။

အသက် (၄၀) အရွယ်ရှိ အော့တ်မန်က တနင်္လာနေ့က စွပ်စွဲမှုများကို တုံ့ပြန်ရာတွင် မာ့စ်ခ်သည် သူ၏ ကိုယ်ကျိုးစီးပွားအတွက် X ကွန်ရက်ကို ခြယ်လှယ်နေသည်ဟု ဆိုကာ မာ့စ်ခ်၏ X ကွန်ရက်ကို စီမံခန့်ခွဲပုံအပေါ် အာရုံပြောင်းစေခဲ့သည်။ ဒါပြင် အော့တ်မန်းက ၎င်း၏ X ပို့စ်တွင် “ဒါပေမယ့် OpenAI ကတော့ ကောင်းမွန်တဲ့ ထုတ်ကုန်တွေ ဖန်တီးဖို့ကိုပဲ အာရုံစိုက်နေမှာပါ” ဟု ထပ်မံပြောကြားခဲ့သည်။

Source: Bangkok Post