NBTC နှင့် စမူပရာကန် ( Samut Prakan)ပြည်နယ်ရဲတပ်ဖွဲ့ ပုဂ္ဂလိကကုမ္ပဏီတစ်ခု၏ ဂိုဒေါင်သို့ ဝင်ရောက်စစ်ဆေးမှုတစ်ရပ်ကို ပြုလုပ်ခဲ့

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၅ ရက်နေ့တွင် အမျိုးသားထုတ်လွှင့်ရေး( The National Broadcasting) နှင့်ဆက်သွယ်ရေးကော်မရှင်(Telecommunications Commission ) (NBTC)၊ အလယ်ပိုင်းစုံစမ်းစစ်ဆေးရေးဌာန (CIB)၊  စမူပရာကန် ( Samut Prakan)ပြည်နယ်ရဲတပ်ဖွဲ့ နှင့် လုံခြုံရေးအရာရှိများ ပူးပေါင်းကာ စမူပရာကန်ပြည်နယ် (Samut Prakan Province) မောင်းမြို့နယ်(Muang District) ရှိ ပုဂ္ဂလိကကုမ္ပဏီတစ်ခု၏ ဂိုဒေါင်သို့ ဝင်ရောက်စစ်ဆေးမှုတစ်ရပ်ကို ပြုလုပ်ခဲ့ပါသည်။ ထိုဂိုဒေါင်သည် ဒရုန်းများနှင့် ဒရုန်းဆက်သွယ်မှုထဲသို့ ချိုးဖောက်ခြင်း (signal jamming) ဆောင်ရွက်နိုင်သော ပစ္စည်းကိရိယာများကို သိမ်းဆည်းထားပြီး တင်သွင်းနေသည်ဟု တွေ့ရှိခဲ့သည်။

အာဏာပိုင်တွေရဲ့ ရှာဖွေမှုအတွင်းမှာ အောက်ပါပစ္စည်းတွေကို တွေ့ရှိခဲ့ပါတယ်..

  • ဒရုန်းယာဉ် ၂၉ စီး
  • အချက်ပြ ထောက်လှမ်းစက် ၃၈ ခု
  • ဒရုန်း အချက်ပြဖျက်ဆီးရေးကိရိယာ ၁၂၉ ခု
  • အချက်ပြဖျက်ဆီးရေးကိရိယာ ၁၆ ခု
  • အချက်ပြ ထောက်လှမ်းခြင်းနှင့် ဖျက်ဆီးခြင်းအတွက် ဗင်ကား ၁ စီး
  • အခြားဆက်စပ်ပစ္စည်း ၅၀ ခုခန့်

ဂိုဒေါင်မန်နေဂျာဖြစ်သူ ထိုင်းနိုင်ငံသားက အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ပစ္စည်းအားလုံးကို NBTC မှာ နောက်ထပ်စစ်ဆေးဖို့အတွက် သိမ်းဆည်းခဲ့ပါတယ်။  ဤဖြစ်ရပ်နှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတင်ပြမည်ဖြစ်ကြောင်းလည်း အသိပေးခဲ့ပါသည်။

အဆိုပါစစ်ဆေးမှုသည် NBTC သည် Bang Pu ဒေသ၌ ဒရုန်းဆက်သွယ်မှုလှိုင်းများ ရှိနေသည်ကို စုံစမ်းတွေ့ရှိပြီးနောက် စတင်ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ထို့နောက် သက်ဆိုင်ရာအာဏာပိုင်များသည် စာရင်းအင်းများအရ ထို signal များ၏မူလရင်းမြစ်သည် ဤဂိုဒေါင်ဖြစ်သည်ဟုဖော်ထုတ်နိုင်ခဲ့သည်။

ဒီစုံစမ်းစစ်ဆေးမှုဟာ Bang Pu ဧရိယာမှာ ဒရုန်းအချက်ပြမှုတွေကို NBTC က တွေ့ရှိခဲ့ပြီးနောက် အဲဒီ အချက်ပြမှုရဲ့ ရင်းမြစ်ကို ဂိုဒေါင်ဆီမှ ခြေရာခံမိခဲ့ရာကနေ စတင်ခဲ့တာပဲဖြစ်ပါတ​ယ်။ စုံစမ်းစစ်ဆေးမှုအရ ဥပဒေနဲ့အညီ မှတ်ပုံတင်ထားတဲ့ ဒီကုမ္ပဏီဟာ စင်ကာပူကနေ နည်းပညာမြင့် ဒရုန်းယာဉ်များနဲ့ ဒရုန်း တိုက်ဖျက်ရေးပစ္စည်းတွေကို တင်သွင်းခဲ့တာဖြစ်ပြီး ပစ္စည်းတစ်ခုစီဟာ ဘတ်ငွေ သန်းနဲ့ချီ တန်ဖိုးရှိတာကို တွေ့ရပါတယ်။ အချက်ပြဖျက်ဆီးရေး Jammer တွေကတော့ ဘတ်ငွေ သန်း (၄၀) ကျော် တန်ဖိုးရှိပြီး အစိုးရအဖွဲ့အစည်းများမှသာ ဝယ်ယူခွင့်ပြုထားကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

အဆိုပါကုမ္ပဏီသည် သုံးနှစ်ကျော်ကြာလျှင် ဆက်လက်လည်ပတ်လျက်ရှိပြီး၊ ၎င်းမှတင်သွင်းသည့် ဒရုန်းနှင့် signal jammer များသည် နိုင်ငံတကာလုံခြုံရေးနှင့် ဆက်နွယ်မှု ရှိ/မရှိအား စုံစမ်းဆဲဖြစ်ကြောင်း သိရှိရပါသည်။

ထိုပြင် နောက်ထပ်မေးမြန်းစစ်ဆေးရေးများအား ချက်ချင်းဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ပစ္စည်းများအား တရားမဝင်ရောင်းဝယ်မှုရှိ/မရှိ၊ နိုင်ငံခြားအဖွဲ့အစည်းများနှင့် ဆက်စပ်မှုရှိ/မရှိတို့အားလည်း စိတ်ဝင်စားစွာ စုံစမ်းသွားမည်ဟု သက်ဆိုင်ရာအာဏာပိုင်များကဆိုပါသည်။

Source: The Nation Thailand