New Year ၂၀၂၆ အတွက် ထိုင်းတစ်နိုင်ငံလုံးရှိ အခမဲ့ Camping နေရာ ၃၉ ခု စာရင်း

ထိုင်းနိုင်ငံ အဝေးပြေးလမ်းမကြီးဦးစီးဌာန (Department of Highways) သည် နှစ်သစ်ကူးအားလပ်ရက်အတွင်း ခရီးသွားလာမည့်သူများနှင့် ကမ္ဘာလှည့်ခရီးသည်များအတွက် “H.N.Y. 2026 – Happiness of All, Network of Care, and Year of Safety” မူဝါဒအရ တစ်နိုင်ငံလုံးတွင် အခမဲ့ Camping နေရာ ၃၉ ခု ကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ် Piyapong Jiwattanakulpaisarn က ကြေညာလိုက်သည်။

📅 ဖွင့်လှစ်မည့်ကာလ: ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက် မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်အထိ။

🛠️ ရရှိနိုင်မည့် ဝန်ဆောင်မှုများ (Free Services)

▪️နေရာ: အခမဲ့ တဲထိုးရန်နေရာနှင့် ကားပါကင်။

▪️အဆောက်အအုံ: သောက်သုံးရေနှင့် သန့်စင်ခန်းများကို အခမဲ့ အသုံးပြုနိုင်သည်။

▪️လုံခြုံရေး: အဝေးပြေးလမ်းပြုပြင်ထိန်းသိမ်းရေးယူနစ် (Highway Maintenance Unit) ဝန်ထမ်းများက ၂၄ နာရီပတ်လုံး စောင့်ကြပ်ကူညီပေးမည်။

▪️ကုန်ကျစရိတ်: မည်သည့်အခကြေးငွေမျှ ပေးဆောင်ရန် မလိုပါ။

Photo Courtesy of Nation Thailand

📍 Camping နေရာများ ခွဲဝေမှု (စုစုပေါင်း ၃၉ ခု)

အေးမြသော ရာသီဥတုရှိသည့် မြောက်ပိုင်းဒေသတွင် နေရာအများဆုံး ချထားပေးသည်ကို တွေ့ရပါသည်-

▪️မြောက်ပိုင်း: ၃၀ ခု

▪️အရှေ့မြောက်ပိုင်း: ၄ ခု

▪️အလယ်ပိုင်း: ၄ ခု

▪️တောင်ပိုင်း: ၁ ခု

Photo Courtesy of Nation Thailand

🏔️ လူကြိုက်များသော ဒေသအလိုက် နေရာအချို့

▪️ချင်းမိုင် (Chiang Mai) – Chom Thong (Doi Inthanon သွားရာလမ်း), Mae Taeng, Chiang Dao, Phrao

▪️မယ်ဟောင်ဆောင် (Mae Hong Son) – Pai မြို့အဝင်လမ်း နှင့် မယ်ဟောင်ဆောင်မြို့အနီး

▪️နန် (Nan) – Na Noi, Bo Kluea

▪️Na Noi, Bo Kluea – Chae Hom, Mae Phrik, Sop Prap, Hang Chat

▪️တတ် (Tak) – Umphang (ယူနက်စကိုစာရင်းဝင်နေရာများအနီး), Tha Song Yang, Wang Chao

▪️ကမ်ဖိုင်ဖက် (Kamphaeng Phet) – ခရိုင်အတွင်း နေရာ ၅ ခုအထိ (Hwy 1 လမ်းမကြီးပေါ်)

▪️ဖူးဆနူးလောက် (Phitsanulok) – Kaeng Sopha (Hwy 12 လမ်းပိုင်း)

📝 ခရီးသွားများအတွက် အချက်အလက်

▪️ဤ Camping နေရာများသည် အဝေးပြေးလမ်းမကြီးများ၏ ဘေးကင်းသော ဇုန်များတွင် တည်ရှိသဖြင့် လုံခြုံမှုအတွက် စိုးရိမ်ရန် မလိုပါ။

▪️တဲ (Tent) နှင့် အိပ်ဆောင်ပစ္စည်းများကို ကိုယ်တိုင်ယူဆောင်လာရမည် ဖြစ်သည်။

▪️မြောက်ပိုင်းဒေသသို့ သွားရောက်ပါက ညဘက်တွင် ရာသီဥတု အလွန်အေးနိုင်သဖြင့် အနွေးထည်များ အလုံအလောက် ယူဆောင်သွားရန် အကြံပြုလိုပါသည်။

Source: Nation Thailand