ကမ္ဘာကျော်အားကစားအမှတ်တံဆိပ် Nike သည် ၎င်းတို့၏ အမှတ်တံဆိပ်သံတမန် ကေပေါ့ပ်စူပါစတား လီဆာ နှင့်အတူ SKIMS နှင့် ပူးပေါင်းဖန်တီးထားသော “NikeSKIMS” နွေဦးရာသီစုစည်းမှုကို ပထမဆုံးအကြိမ် တရားဝင်ထုတ်ဖော်ပြသလိုက်ပါသည်။ ခေတ်သစ်ဘဲလေးကချေသည်များ၏ လှုပ်ရှားမှုပုံရိပ်ကို အခြေခံထားသည့် ဤစုစည်းမှုတွင် ခန္ဓာကိုယ်အချိုးအစားကို ပေါ်လွင်စေမည့် Matte၊ Stretch Knit နှင့် Woven Nylon အပါအဝင် ထူးခြားသည့် ချည်သားအမျိုးအစား ၅ မျိုးဖြင့် ဖန်တီးထားသည့် အဝတ်အထည်များ ပါဝင်ပါသည်။

အဆိုပါဒီဇိုင်းများနှင့် ပတ်သက်၍ လီဆာက ဤဝတ်စုံများသည် ပေါ့ပါးမှုရှိရုံသာမက လေ့ကျင့်ခန်းပြုလုပ်ချိန်မှသည် နေ့စဉ်လူမှုဘဝအထိ လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်ရန် အထူးစီမံထားခြင်းဖြစ်သည်ဟု မှတ်ချက်ပြုခဲ့ပါသည်။ အထူးခြားဆုံးအစီအစဉ်အနေဖြင့် နိုက်ကီ၏ ထင်ရှားသော ခြေမကွဲဖိနပ်ပုံစံကို ဆတင်သားဖြင့် အဆင့်မြှင့်တင်ထားသည့် NikeSKIMS Rift Satin ဖိနပ်ကိုလည်း ထည့်သွင်းမိတ်ဆက်ခဲ့ပါသည်။
စကင်းမ်စ်၏တည်ထောင်သူ Kim Kardashian က ဤဒီဇိုင်းများသည် ဘဲလေးအနုပညာ၏ နူးညံ့မှုနှင့် ခေတ်မီစတိုင်ကို ပေါင်းစပ်ပေးထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး အဆိုပါစုစည်းမှုအသစ်ကို လာမည့် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် တစ်ကမ္ဘာလုံး၌ စတင်ဖြန့်ချိသွားမည်ဖြစ်ပါသည်။
Source: Bangkok Post
