Prince Holding Group ၏ ဥက္ကဋ္ဌဖြစ်သူ Chen Zhi (ခေါ်) Vincent Chen ကို ကမ္ဘောဒီးယားအာဏာပိုင်များက ဖမ်းဆီးပြီးနောက် တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးလိုက်ပြီဖြစ်ကြောင်း ဟောင်ကောင်အခြေစိုက် The Standard နှင့် BBC သတင်းဌာနများက ဖော်ပြခဲ့ကြသည်။
၎င်းသည် ကြီးမားသော ဆိုက်ဘာလိမ်လည်မှု (Cyber-fraud) အင်ပါယာကြီး၏ နောက်ကွယ်မှ အဓိကလက်သည်ဖြစ်သည်ဟု ယူဆရသည်။ ၎င်းအပေါ်တွင် ငွေကြေးခဝါချမှု၊ Cryptocurrency လိမ်လည်မှုနှင့် လူကုန်ကူးခံရသူများကို အဓမ္မခိုင်းစေကာ ကမ္ဘာတစ်ဝန်းသို့ လိမ်လည်ခိုင်းခြင်း (Scamming) စသည့် စွပ်စွဲချက်များစွာ ရှိနေသည်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့တွင် Chen Zhi အပါအဝင် တရုတ်နိုင်ငံသား ၃ ဦးကို ကမ္ဘောဒီးယားတွင် ဖမ်းဆီးခဲ့ပြီး ဇန်နဝါရီလ ၈ ရက်နေ့တွင် တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတွင် အမေရိကန်အာဏာပိုင်များက Chen Zhi ကို တရားစွဲဆိုခဲ့ပြီး ဒေါ်လာ ၁၄ ဘီလီယံ တန်ဖိုးရှိသော Bitcoin များကို သိမ်းဆည်းခဲ့သည်။
Chen Zhi သည် ၂၀၁၄ ခုနှစ်တွင် တရုတ်နိုင်ငံသားအဖြစ်မှ စွန့်လွှတ်ကာ ကမ္ဘောဒီးယားနိုင်ငံသားအဖြစ် ခံယူခဲ့သူဖြစ်သည်။ သို့သော်လည်း ၎င်း၏ပြစ်မှုများကြောင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ကမ္ဘောဒီးယားဘုရင်၏ အမိန့်တော်ဖြင့် နိုင်ငံသားအဖြစ်မှ ပြန်လည်ပယ်ဖျက်ခြင်း (Revoked) ခံခဲ့ရသည်။

ကမ္ဘောဒီးယား ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ Chen Zhi နှင့်အတူ Xu Jiliang နှင့် Shao Jihui အမည်ရှိ တရုတ်နိုင်ငံသား နှစ်ဦးကိုလည်း ဖမ်းဆီးကာ ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း သိရသည်။
ကမ္ဘောဒီးယားအခြေစိုက် Prince Holding Group ရဲ့ ဥက္ကဋ္ဌ Chen Zhi ကို ကမ္ဘာကျော် ဆိုက်ဘာလိမ်လည်မှုတွေ၊ ငွေကြေးခဝါချမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘောဒီးယားအစိုးရက ဖမ်းဆီးကာ တရုတ်နိုင်ငံကို ပြန်လည်လွှဲပြောင်းပေးလိုက်ပြီ ဖြစ်ပါတယ်။ အသက် ၃၇ နှစ်အရွယ် ဒီဘီလီယံနာဟာ လူကုန်ကူးခံရသူတွေကို သုံးပြီး ကမ္ဘာတစ်ဝန်းကလူတွေကို ငွေကြေးလိမ်လည်ခိုင်းတဲ့ အင်ပါယာကြီးကို ကြိုးကိုင်နေသူလို့ စွပ်စွဲခံထားရတာပါ။
Source: Khaosod
