ဘန်ကောက်၊ ထိုင်း — ၃၃ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA Games) ဖွင့်ပွဲ အခမ်းအနားကို အိမ်ရှင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ရာ့ချ်မင်္ဂလာအားကစားကွင်း (Rajamangala Stadium) တွင် ဒီဇင်ဘာ ၉ ရက်၊ ညနေ ၆:၃၀ နာရီမှ စတင် ကျင်းပတော့မည်ဖြစ်သည်။ အိမ်ရှင် ထိုင်းနိုင်ငံသည် “We Are One” (ကျွန်ုပ်တို့အားလုံး တစ်စိတ်တစ်ဝမ်းတည်း) ဟူသော အယူအဆဖြင့် ဒေသတွင်း တစ်စည်းတစ်လုံးတည်းဖြစ်မှုကို မီးမောင်းထိုးပြမည့် အစီအစဉ်ကို စီစဉ်ထားသည်။
ယခုပြိုင်ပွဲသည် လွန်ခဲ့သော ၆၆ နှစ် (၁၉၅၉) က SEAP Games အဖြစ် စတင်ခဲ့သည့် ထိုင်းနိုင်ငံသို့ အားကစားပွဲတော် ပြန်လည်ရောက်ရှိလာခြင်းဖြစ်၍ “Back to the Origin” (မူလအစသို့ ပြန်သွားခြင်း) အဖြစ် သတ်မှတ်ထားပြီး SEA Games သမိုင်းတွင် အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ပေးမည်ဟု ကြော်ငြာထားသည်။
ဖွင့်ပွဲအခမ်းအနားတွင် ဖျော်ဖြေမှု ကဏ္ဍ ၅ ပိုင်း ပါဝင်မည်ဖြစ်ပြီး၊ SEA Games ၏ မူလအစသို့ ခရီးနှင်ခြင်း၊ ဒေသတွင်း ကြွယ်ဝသော ယဉ်ကျေးမှုမျိုးစုံကို တစ်စုတစ်စည်းတည်း ဖော်ပြခြင်း၊ အားကစားသမားများ၏ စိတ်ဓာတ်ခွန်အားကို ပြသခြင်းတို့ ပါဝင်သည်။

ထိုင်းနိုင်ငံဖွား K-Pop ကြယ်ပွင့် BamBam Kunpimook (GOT7) သည် အခမ်းအနားအတွက် အထူးဖျော်ဖြေမှုကို ပြင်ဆင်ထားသည်။ ထို့အပြင် Jeff Satur, Suchata “Opal” Chuangsri, Proxie, LYKN, BNK48 နှင့် Butterbear အပါအဝင် ကမ္ဘာသိ ထိုင်းအနုပညာရှင်များစွာလည်း ပူးပေါင်းပါဝင်ကြသည်။
Hua Mak အားကစားကွင်းဧရိယာသို့ လာရောက်မည့် ကိုယ်စားလှယ်များနှင့် ပရိသတ်များအတွက် ယာဉ်အသွားအလာ စီမံခန့်ခွဲမှုများကို စီစဉ်ထားပြီး အများပြည်သူအား အောက်ပါ လမ်းညွှန်ချက်များကို လိုက်နာရန် မေတ္တာရပ်ခံထားသည်။
တရားဝင် ယာဉ်ရပ်နားခွင့်လက်မှတ် မရှိပါက Hua Mak အားကစားကွင်း ယာဉ်ရပ်နားနေရာသို့ ဝင်ရောက်ခွင့်ရမည် မဟုတ်ပေ။ အများပြည်သူအတွက် သတ်မှတ်ထားသော ယာဉ်ရပ်နားနေရာ ၃ ခု ရှိသည်။
Royal Thai Army Auditorium (Ramintra Expressway) – ကား ၃၀၀ ခန့်
LIVE PARK Rama IX – ကား ၄၀၀ ခန့်
Hua Mak Centre – ကား ၈၀၀ ခန့်
BMTA လိုင်းကား ၄၀ စီး (ယာဉ်ရပ်နားနေရာ ၃ ခုမှ)
Tuk-Tuk ၄၀ စီး၊ Thai Smile လိုင်းကား ၄၀ စီး
ပွဲကို ကိုယ်တိုင်မကြည့်နိုင်သူများအနေဖြင့် SEA Games 2025 ဖွင့်ပွဲကို PPTV နှင့် တရားဝင် SEA Games အွန်လိုင်းချန်နယ်များမှ တိုက်ရိုက် ကြည့်ရှုနိုင်ပါသည်။
Source: Nation Thailand
