၂၀၂၆ ဖီဖာကမ္ဘာ့ဖလား (FIFA World Cup 2026) ဗိုလ်လုပွဲတွင် သမိုင်းဝင်အပြောင်းအလဲတစ်ခုအဖြစ် အနိုင်ရရှိမည့် ချန်ပီယံအသင်းအား ကမ္ဘာ့ဖလားဖလားကြီးအပြင် အမေရိကန်အားကစားလောက (NBA နှင့် NFL) တွင် ကျော်ကြားသည့် “ချန်ပီယံလက်စွပ်” (Championship Rings) များကို သမိုင်းတွင် ပထမဆုံးအကြိမ် ထည့်သွင်းချီးမြှင့်သွားမည်ဖြစ်ကြောင်း ဖီဖာ (FIFA) က ထုတ်ပြန်လိုက်ပါတယ်ဗျာ။
ယခုနှစ် ကမ္ဘာ့ဖလားဗိုလ်လုပွဲကြီးကို အမေရိကန်နိုင်ငံ၊ နယူးဂျာစီပြည်နယ်ရှိ MetLife ကွင်းကြီးတွင် ဥရောပချန်ပီယံ စပိန်အသင်း နှင့် လက်ရှိကမ္ဘာ့ချန်ပီယံ အာဂျင်တီးနားအသင်း တို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
မပြိုင်ပွဲကျင်းပသည့် ခုနှစ်ကိုအစွဲပြု၍ လက်စွပ်စုစုပေါင်း ၂,၀၂၆ ကွင်း သာ ကန့်သတ်ထုတ်လုပ်မည်ဖြစ်သည်။
ယင်းတို့အနက် အဆင့်မြင့်သီးသန့်လက်စွပ် ၃၀ ကွင်းကို ချန်ပီယံအသင်း၏ ကစားသမားများနှင့် နည်းပြအဖွဲ့ဝင်များအတွက် လက်ချောင်းအရွယ်အစားအတိုင်း အတိအကျ ပြုလုပ်ပေးမည်ဖြစ်ပြီး၊ ကျန်ရှိသည့် အကွင်းပေါင်း ၁,၉၉၆ ကွင်းကို ကမ္ဘာတစ်ဝှမ်းရှိ ဘောလုံးပရိသတ်များနှင့် ပစ္စည်းစုဆောင်းသူများအတွက် ရောင်းချပေးမည်ဖြစ်သည်။
လက်စွပ်၏ တစ်ဖက်တွင် ကမ္ဘာ့ဖလားပုံစံ သွန်းလုပ်ထားပြီး ကျန်တစ်ဖက်တွင် အနိုင်ရရှိသည့်နိုင်ငံ၏ အလံအရောင်၊ သင်္ကေတများကို စိတ်ကြိုက်ထည့်သွင်း ပုံဖော်ပေးမည်ဖြစ်သည်။ (ပွဲပြီးပြီးချင်း စင်မြင့်ထက်တွင် ယာယီလက်စွပ်များ အရင်ပေးအပ်မည်ဖြစ်ပြီး၊ နောက်ပိုင်းမှသာ အစစ်အမှန်များကို ပေးပို့သွားမည်ဖြစ်သည်)
၂၀၂၆ ကမ္ဘာ့ဖလား၏ နောက်ဆုံးပိတ်ပွဲစဉ်များကို အောက်ပါအတိုင်း ယှဉ်ပြိုင်သွားကြမည်ဖြစ်သည်။
🥉 တတိယနေရာလုပွဲ (ပြင်သစ် 🆚 အင်္ဂလန်): ဇူလိုင် ၁၉ (တနင်္ဂနွေနေ့) နံနက် ၀၄:၀၀ နာရီ (မြန်မာစံတော်ချိန် နံနက် ၀၃:၃၀ နာရီ)
🏆 ဗိုလ်လုပွဲ (စပိန် 🆚 အာဂျင်တီးနား): ဇူလိုင် ၂၀ (တနင်္လာနေ့) နံနက် ၀၂:၀၀ နာရီ (မြန်မာစံတော်ချိန် နံနက် ၀၁:၃၀ နာရီ)
ထိုင်းနိုင်ငံရှိ ဘောလုံးပရိသတ်များအနေဖြင့် တရားဝင်ထုတ်လွှင့်ခွင့်ရရှိထားသည့် Jasmine International ၏ MONOMAX နှင့် MONOMAX SPORTS Channel 29 တို့မှတစ်ဆင့် အွန်လိုင်းတွင် အခမဲ့ တိုက်ရိုက်ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း Bangkok Biznews တွင် ဖော်ပြထားသည်။
Source;The Nation
