♏ Scorpio
“ယုံကြည်ကိုးကွယ်သူများ လာဘ်ကြီးဝင်ခြင်း၊ နတ်ဗြဟ္မာများ၏ အံ့ဩဖွယ် စီမံပေးမှု”
ဂြိုဟ်ကေတ၏ စွမ်းအင်ကို အပြည့်အဝ ရရှိမည်။ ကိုးကွယ်ပူဇော်သော အရာများ၊ အိပ်မက်နှင့် အလိုလိုသိစိတ်များမှတစ်ဆင့် ကံထူးစေမည့် ဂဏန်းများနှင့် လာဘ်ကြီးများ ဝင်ရောက်လာမည်။ မထင်မှတ်ဘဲ ဘဏ်အကောင့်ထဲသို့ ငွေအမြောက်အမြား ဝင်ရောက်လာမည့် ကာလဖြစ်သည်။
♐ Sagittarius
“မမျှော်လင့်ဘဲ ရုတ်တရက် လာဘ်ကြီး ရရှိခြင်း”
ယခင်က ရင်းနှီးမြှုပ်နှံထားသော ငွေများ သို့မဟုတ် ဆုံးရှုံးသွားပြီဟု ထင်ရသော ငွေများ၊ နောက်ကျနေသော အကျိုးအမြတ်များ အကုန်လုံး ပြန်လည်ရရှိမည်။ ကံစမ်းမဲနှိုက်ခြင်း၊ ထီပေါက်ခြင်း သို့မဟုတ် အခြားသူများက လာဘ်လာဘကြီးများ လာရောက်ပေးအပ်ခြင်းဖြင့် မမျှော်လင့်ဘဲ ချမ်းသာလာမည်။
♋ Cancer
“ပြုခဲ့သော ကုသိုလ်ကံနှင့် မဟာဥစ်စွမ်းအင်ကြောင့် ခိုင်မာမှု ရရှိခြင်း”
ပြုလုပ်ခဲ့ဖူးသော ကုသိုလ်ကံများက ချက်ချင်း ရလဒ်ပြသမည်။ အိမ်၊ ခြံ၊ မြေ၊ အမွေအနှစ် သို့မဟုတ် ဘဝချဲ့ထွင်ရန် ငွေကြေးပုံကြီး မျှော်လင့်နေသူများအတွက် ကောင်းကင်ဘုံက ရုတ်တရက် ဖန်တီးပေးမည်ဖြစ်ပြီး အတားအဆီးမရှိ တန်ဖိုးကြီး ပိုင်ဆိုင်မှုများ ရရှိမည်။
♎ Libra
“နတ်မကူ လူကူ၊ အထက်လူကြီးများ၏ မ စ မှုဖြင့် အခွင့်အလမ်းကောင်းများ ရရှိခြင်း”
အရှိန်အဝါနှင့် ဘုန်းကံ ပွင့်လန်းမည်။ ရာထူးကြီးသူများ၊ VIP အဆက်အသွယ်များက ငွေရမည့် အခွင့်အလမ်းကောင်းများကို လက်ဝယ်သို့ လာရောက်ပေးအပ်မည်။ ငွေကြေးကျပ်တည်းမှုများ ချက်ချင်း ပြေလည်သွားပြီး တန်ဖိုးကြီး လက်ဆောင်များနှင့် လာဘ်လာဘများ မထင်မှတ်ဘဲ ရရှိမည်။
Source; Khaosod
