ခွန်ကန်က ဘုန်းကြီးတစ်ပါး ထိုင်းအစိုးရထီ ပထမဆုကြီး ၂ စောင်ဆွတ်ခူး – ၁၂ သန်းဆုရှင်ဖြစ်လာပြီး အွန်လိုင်းတွင် ရေပန်းစားနေ

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း (Isan ဒေသ) ခွန်ကန် (Khon Kaen) ခရိုင်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းမှ သက်တော်ကြီး ဘုန်းကြီးတစ်ပါးသည် ၂၀၂၆ ခုနှစ်၊ မေလ ၁၆ ရက် က ထွက်ရှိခဲ့သော ထိုင်းအစိုးရထီဖွင့်ပွဲတွင် ဘတ် ၁၂ သန်း (မြန်မာငွေ သိန်းပေါင်းများစွာ) တန်ဖိုးရှိ ပထမဆုကြီးကို ကံထူးဆွတ်ခူးသွားခဲ့ကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် ရေပန်းစားနေပါတယ်ဗျာ။

လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသည့် ဓာတ်ပုံများအရ ခွန်ကန်ခရိုင်၊ ဝမ်နွိုင်း (Waeng Noi) မြို့နယ်ရှိ Pa Nong Du Thammaram ဘုန်းကြီးကျောင်းမှ သက်တော်ကြီး ဘုန်းကြီးတစ်ပါးဖြစ်သူ Phra Khru Amnuay သည် ပထမဆုကြီး ပေါက်မဲနံပါတ်ဖြစ်သော ၁၀၇၃၈၇ (107387) နံပါတ်ပါ ထီလက်မှတ် ၂ စောင်တွဲကို ပြုံးရွှင်စွာ ကိုင်ဆောင်ထားသည်ကို တွေ့ရှိရပါတယ်။

ထိုင်းအစိုးရထီစနစ်အရ ပထမဆု ၁ စောင်လျှင် ဘတ် ၆ သန်း ရရှိမှာဖြစ်လို့ အဆိုပါ ဘုန်းကြီးမှာ ၂ စောင်တွဲ ပေါက်ခဲ့ခြင်းဖြစ်တာကြောင့် စုစုပေါင်း ၁၂ သန်း တိတိ ကံထူးသွားခဲ့ခြင်း ဖြစ်ပါတယ်။ 

ကနဦးသတင်းများအရ ထီပေါက်ပြီးနောက်ပိုင်းတွင် ဆုကြေးငွေများ တရားဝင်ထုတ်ယူနိုင်ရန်နှင့် ပျောက်ဆုံးပျက်စီးမှုမရှိစေရန်အတွက် အဆိုပါ ဘုန်းကြီးသည် ဝမ်နွိုင်းရဲစခန်း (Waeng Noi Police Station) သို့ ကိုယ်တိုင်ကြွရောက်၍ ထီလက်မှတ်များကို ရဲမှတ်တမ်း (Police record) တရားဝင် သွားရောက်တင်ထားပြီးပြီ ဖြစ်ပါတယ်။ ဒီသတင်းဟာ လူမှုကွန်ရက်ပေါ်မှာ အလျင်အမြန် ပျံ့နှံ့သွားခဲ့ပြီး၊ ထိုင်းနိုင်ငံသား အများအပြားက ဆရာတော်အတွက် သာဓုခေါ် ဝမ်းမြောက်စကားများ ပြောကြားနေကြသလို၊ အချို့ကလည်း နောက်တစ်ကြိမ် ထီဖွင့်ပွဲတွေမှာ မိမိတို့ကိုယ်တိုင်လည်း ဆရာတော်လို ကံထူးသူဖြစ်ပါစေကြောင်း ဟာသနှောကာ ဆုတောင်းနေကြပါတယ်ဗျာ။

Source;Khaosod