ဇွန်လ ၇ ရက်နေ့တွင် ဘန်ကောက်၊ နွန်သဘူရီနှင့် စမုတ်ပရာကန်တို့တွင် လျှပ်စစ်မီးခဏတာ ပြတ်တောက်မည်

ထိုင်းနိုင်ငံ မဟာနဂရလျှပ်စစ်ဓါတ်အားအာဏာပိုင်အဖွဲ့ (MEA) မှ လျှပ်စစ်ဖြန့်ဖြူးရေးစနစ် ပိုမိုကောင်းမွန်လာစေရန်၊ ပြုပြင်ထိန်းသိမ်းမှုများပြုလုပ်ရန်နှင့် မိုးပျံလျှပ်စစ်ကြိုးများကို မြေအောက်ကေဘယ်လိုင်းများအဖြစ် ပြောင်းလဲတပ်ဆင်ရန်အတွက် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၇ ရက် (တနင်္ဂနွေနေ့) တွင် အောက်ပါဒေသအချို့၌ လျှပ်စစ်မီး ယာယီဖြတ်တောက်သွားမည်ဖြစ်ကြောင်း ကြေညာထားပါတယ်။

📌လျှပ်စစ်မီးယာယီပြတ်တောက်မည့် ဒေသများနှင့် အချိန်အပိုင်းအခြားများ

၁။ ဘန်ကောက်မြို့တွင်း ဧရိယာများ (Bangkok)

▪️မနက် ၀၈:၀၀ နာရီမှ မွန်းလွဲ ၁၃:၀၀ နာရီအထိ:

-Tha Din Daeng လမ်းတစ်လျှောက်ရှိ Tha Din Daeng Soi 12၊ Soi 14 နှင့် Soi 16 အတွင်းပိုင်းနေရာများ၊ Soi 15 ဝင်ပေါက်မျက်နှာချင်းဆိုင်နှင့် Lee Ha Huad အအေးခံစက်ရုံအနီးတဝိုက်။

▪️မနက် ၀၈:၀၀ နာရီမှ ညနေ ၁၅:၃၀ နာရီအထိ:

-Sudprasert လမ်း၊ Soi Sudprasert 2/1 မှ Soi Sudprasert 4 အထိ။

▪️မနက် ၀၈:၃၀ နာရီမှ မွန်းလွဲ ၁၅:၀၀ နာရီအထိ:

-Phahonyothin လမ်းရှိ Soi Phahonyothin 45 နှင့် Thaveesak Sesawech လမ်းဆုံ။

▪️မနက် ၀၈:၃၀ နာရီမှ ညနေ ၁၅:၃၀ နာရီအထိ:

-New Phetchaburi လမ်းရှိ Soi Research Center လမ်းဆုံသုံးခွမှ သွားဘက်ဆိုင်ရာဆေးခန်းစင်တာအထိ။

-Nimit Mai လမ်းရှိ Hathai Mitr မီးပွိုင့်လမ်းဆုံသုံးခွအနီးရှိ ဆိုင်ခန်းများနှင့် ပတ်ဝန်းကျင်နေရာများ။

-Chalerm Phrakiat Rama 9 လမ်းရှိ Soi 83 (Prawet ရုံး) မှ Prawet လမ်းဆုံအထိ။

-Ratchaphruek လမ်းနှင့် Borommaratchachonnani လမ်းဆုံသည့် ကွေ့နေရာ။

▪️မနက် ၀၉:၀၀ နာရီမှ မွန်းလွဲ ၁၄:၀၀ နာရီအထိ:

-Pracha Songkhro လမ်း၊ Pracha Songkhro Soi 14 လမ်းဆုံ ၂။

-Lat Phrao လမ်း၊ Soi Lat Phrao 130 လမ်းဆုံ ၆/၂။

▪️မနက် ၀၉:၀၀ နာရီမှ ညနေ ၁၅:၀၀ နာရီအထိ:

-Lat Phrao လမ်း၊ Soi Lat Phrao 101/3 နှင့် လမ်းဆုံ ၂။

-၂။ စမုတ်ပရာကန် ခရိုင် ဧရိယာများ (Samut Prakan)

▪️မနက် ၀၈:၀၀ နာရီမှ ညနေ ၁၇:၀၀ နာရီအထိ (လမ်းချဲ့ရန် လျှပ်စစ်တိုင်နှင့် ကြိုးများရွှေ့ပြောင်းခြင်း):

-Suksawat – Phra Samut Chedi လမ်းတလျှောက်ရှိ Sam Yaek Chedi စျေးသစ်၊ Soi Thana Korn လူထုရပ်ကွက်၊ Charoen Aksorn Holding Group ကုမ္ပဏီ၊ C.R.C. Port ကုမ္ပဏီ၊ Fancy Timber ကုမ္ပဏီ၊ Thana Korn ဟင်းသီးဟင်းရွက်ဆီစက်ရုံမှသည် Khlong Ta Phum တံတားအထိ။

▪️မနက် ၀၈:၃၀ နာရီမှ ညနေ ၁၅:၃၀ နာရီအထိ:

-Bang Phli-Kingkaew လမ်းတလျှောက်ရှိ PTT ဓါတ်ဆီဆိုင်မှ M E F ကုမ္ပဏီအထိ (Soi Muldeechao Mae Tubtim ဖောင်ဒေးရှင်း၊ Bueng Tako၊ Reckitt Benckiser စက်ရုံ၊ D Depo ကုမ္ပဏီ နှင့် BDI Soi အပါအဝင်)။Pu Chao လမ်းရှိ Soi Municipal Pu Chao 6 (Wat Mahawong) ကျောင်းရှေ့ မီးတိုင်လဲလှယ်မည့်နေရာ။

၃။ နွန်သဘူရီ ခရိုင် ဧရိယာများ (Nonthaburi)

▪️မနက် ၀၈:၃၀ နာရီမှ မွန်းလွဲ ၁၃:၀၀ နာရီအထိ (မြေအောက်ကေဘယ်စနစ်ပြောင်းလဲရန်):

-Tiwanon လမ်းရှိ Soi Tiwanon 29 နှင့် Soi Tiwanon 31 အတွင်းပိုင်းနေရာများ။

▪️မနက် ၀၈:၃၀ နာရီမှ ညနေ ၁၅:၃၀ နာရီအထိ:

-Rural Highway Nb.3008 (Wat Khlong Ta Klai လမ်း) ပေါ်ရှိ Wat Khlong Ta Klai အနီးမှ Soi Sue Dee နှင့် ပတ်ဝန်းကျင်နေရာများ။

▪️မနက် ၀၈:၃၀ နာရီမှ ညနေ ၁၇:၀၀ နာရီအထိ:

-Pathum Thani-Bang Len လမ်း (၃၄၆) ပေါ်ရှိ Grow Chemical ကုမ္ပဏီ (Sao Noi ဂိုဒေါင်) မှ I am Bean Roasting Loft (Sao Noi) ဆိုင်အထိ၊ Thai Nato ပါကင်တိပ်ကုမ္ပဏီနှင့် Khun Sri တူးမြောင်းတလျှောက်။

Source;Thairath