တရုတ်နိုင်ငံဘက်မှ လေဖိအားကြီးရပ်ဝန်း (High Pressure) ဆင်းလာခြင်းကြောင့် အရှေ့တောင်ဘက်မှ လေပူများနှင့် တွေ့ဆုံကာ ထိုင်းနိုင်ငံအထက်ပိုင်းတွင် မိုးသက်လေပြင်းများ ဖြစ်ပေါ်စေမှာဖြစ်ပြီး၊ တောင်ဘက်ပိုင်းတွင်လည်း အနောက်တောင်မုတ်သုံလေကြောင့် မိုးဆက်လက်ကြီးနိုင်ပါတယ်။
📍 ဒေသအလိုက် ခန့်မှန်းချက်များ
▪️မြောက်ပိုင်းတွင် မေ ၁၀ တွင် မိုး ၆၀-၇၀% ရွာပြီး လေပြင်း၊ မိုးသီးကြွေခြင်းနှင့် မိုးကြီးခြင်းများ ဖြစ်နိုင်ပြီး အပူချိန်မှာ ၂၁ – ၃၈°C ရှိနိုင်ပါတယ်။
▪️အရှေ့မြောက် (အီသန်)တွင် မိုး ၂၀-၄၀% ရွာနိုင်ပြီး အပူချိန် အတန်အသင့် ရှိနိုင်ပြီး အပူချိန်မှာ ၂၂ – ၃၇°C ရှိနိုင်ပါတယ်။
▪️အလယ်ပိုင်းဒေသများတွင် အနောက်ဘက်ခြမ်းတွင် မိုး ၃၀-၄၀% ရွာပြီး အချို့နေရာများတွင် မိုးကြီးနိုင်ပြီး ၂၄ – ၃၈°C ရှိနိုင်ပါတယ်။
▪️တောင်ပိုင်းဒေသများတွင် အနောက်ဘက်ကမ်းရိုးတန်း (ဖူးခက်/ကရာဘီ) တွင် မိုး ၄၀-၇၀% ထိ ရွာနိုင်ပြီး ပင်လယ်လှိုင်း ၂ မီတာကျော်နိုင်ထိရှိနိုင်ပြီး အပူချိန်မှာ ၂၃ – ၃၇°C ရှိနိုင်ပါတယ်။
▪️ဘန်ကောက်နှင့် အနီးတစ်ဝိုက်မှာတောာ့ နေရာကွက်ကျား မိုး ၂၀-၄၀% ရွာနိုင်ပြီး ရာသီဥတု အနည်းငယ် ပူအိုက်မည်။ အပူချိန်မှာ ၂၅ – ၃၈°Cရှိနိုင်ပါတယ်။
အထူးသတိပြုရန် အချက်များ (မေ ၁၀ – တနင်္ဂနွေနေ့အတွက်)
၁။ လေပြင်းအန္တရာယ်: ထိုင်းနိုင်ငံအထက်ပိုင်း (မြောက်ပိုင်းနှင့် အလယ်ပိုင်း) တွင် နေထိုင်သူများအနေဖြင့် လေပြင်းတိုက်ခိုက်စဉ် လွင်ပြင်များ၊ သစ်ပင်ကြီးများအောက်နှင့် မခိုင်ခံ့သည့် အဆောက်အအုံ/ဆိုင်းဘုတ်များအနီး နေထိုင်ခြင်းကို ရှောင်ကြဉ်ပါ။
၂။ ရေကြီးနိုင်ခြေ: တောင်ပိုင်းဒေသများတွင် မိုးစုပုံရွာသွန်းမှုကြောင့် ရုတ်တရက်ရေကြီးခြင်း (Flash Flood)၊ တောင်ကျရေကျခြင်းနှင့် မြစ်ရေလျှံခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် သတိထားကြရန် လိုအပ်ပါတယ်။
၃။ စိုက်ပျိုးရေး: တောင်သူများအနေဖြင့် လေပြင်းကြောင့် သီးနှံပင်များနှင့် တိရစ္ဆာန်ခြံများ ပျက်စီးမှုမရှိစေရန် ကြိုတင်ပြင်ဆင်ကာကွယ်ထားပါ။
၄။ ကျန်းမာရေး:ရာသီဥတု အကူးအပြောင်း (မိုးရွာလိုက်၊ ပူလိုက်) ဖြစ်နေသည့်အတွက် ဖျားနာမှုမရှိစေရန် ဂရုစိုက်ပါ။
Source;The Nation
