ထိုင်းနိုင်ငံ၊ ချွန်ပူရီပြည်နယ်၊ သီရာချာ (Si Racha) မြို့နယ်၊ ဘန်ပရ (Bang Phra) တိုက်နယ်ရှိ ဝပ်ခေါင်မိုင်ဒန်း (Wat Khao Mai Daeng) ကျောင်းတိုက်တွင် ပုဂ္ဂလိကမြေကွက်နှင့် အဆောက်အအုံများ မြန်မြန်ဆန်ဆန် ရောင်းထွက်စေရန်အတွက် ဆရာတော်ထံ လာရောက်ဂါထာမန္တန် စည်းချသူများနှင့် အဆောင်လက်ဖွဲ့ဒင်္ဂါး လာရောက်ငှားရမ်းသူများဖြင့် တစ်ခဲနက် စည်ကားခဲ့ပါတယ်။
ဝပ်ခေါင်မိုင်ဒန်းကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော် “လွမ်ဖောစငါ့” (Luang Phor Sanga) သည် ၎င်း၏ဆရာဖြစ်သူ လွမ်ဖောယုန်ယွတ်ထံမှ ဆင်းသက်လာသည့် ဝိဇ္ဇာအတတ်ဖြင့် မြေကွက်များ၊ အိမ်ရာများနှင့် အဆောက်အအုံများ အလွယ်တကူ ရောင်းချနိုင်စေရန်အတွက် “မေထော်ရနီ” (မြေကမ္ဘာစောင့်နတ်သမီး) အား ပင့်ဖိတ်ပူဇော်သည့် ထူးခြားသော အစီအမံလုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။
မြေကွက်နှင့် အိမ်ခြံမြေ အကျိုးဆောင်များ၊ ပိုင်ရှင်များသည် စုစုပေါင်း ကာလပေါက်ဈေး ဘတ် ၁၀ ဘီလီယံ (ဘတ်ကုဋေတစ်ထောင်ကျော်) တန်ဖိုးရှိသည့် မြေဂရန်မိတ္တူ စာရွက်ပေါင်း ၄,၀၀၀ ကျော် ကို ဆရာတော်ထံ လာရောက်အပ်နှံကာ စည်းချပူဇော်ခဲ့ကြသည်။
အဆိုပါ မြေဂရန်စည်းချသည့် အခမ်းအနားကို ကောင်းမွန်သည့် နက္ခတ်ဗေဒင်အချိန်အခါ (အခါတော်) မရှိခြင်းကြောင့် ကျောင်းတိုက်အနေဖြင့် ၁ နှစ်တိတိ ရပ်နားထားခဲ့ရာမှ ယခုအခါတော်အချိန်တွင် ပြန်လည်ပြုလုပ်ပေးခြင်း ဖြစ်သည်။
မြေဂရန်များ စည်းချပြီးနောက် ဆရာတော်သည် “စမာစတုရဖစ်ဖွန်ချိုင်” အမည်ရှိ အထူးအဆောင်လက်ဖွဲ့ ဒင်္ဂါးပြား အကွင်းရေ ၂,၀၀၀ ကို ပင့်ဖိတ်သိဒ္ဓိတင်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ထိုင်းနိုင်ငံ၏ နာမည်ကြီး ဆီယန်ဖရတစ်ဦးဖြစ်သူ ဒေါက်တာ စမေီာ (ခ) ပေါင်ဆူဖန် ကိုယ်တိုင် ဘတ်သန်း ၁၀၀ ကျော် တန်ဖိုးရှိသည့် “ဘန်ချာဖာခီ” ကို ယူဆောင်ကာ ပါဝင်ဆင်နွှဲခဲ့သည်။
အခမ်းအနားအပြီးတွင် အဆိုပါ အဆောင်ဒင်္ဂါးပြားများကို စတင်ထုတ်ချေးရာ၊ နယ်စပ်အရပ်ရပ်မှ လာရောက်ကြသည့် တပည့်သားမြေများက လုယက်ငှားရမ်းကြသဖြင့် မျက်စိတစ်မှိတ်အတွင်း ချက်ချင်းကုန်စင်သွားခဲ့သည်။ ဒေသခံများအနေဖြင့် ဆရာတော်၏ အဆောင်လက်ဖွဲ့များသည် ဘေးအန္တရာယ်ကင်းရှင်းခြင်း၊ စီးပွားလာဘ်လာဘ ရွှေငွေရတနာ တိုးပွားခြင်းနှင့် အစားအစာ မပြတ်တောက်ခြင်းတို့ကို ဆောင်ကြဉ်းပေးနိုင်သည်ဟု အခိုင်အမာ ယုံကြည်ကြသည်။
Source;ชลบุรี ฮอต รีพอท นิวส์
