ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Sihasak Puangketkaew သည် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မျိုးဆွေ နှင့် နိုဝင်ဘာ ၃ ရက် ည ၂၁:၁၅ နာရီတွင် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ပြီး နယ်စပ်တစ်လျှောက် တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်သို့ ထိခိုက်မှုများ မရှိစေရေး သတိပေး အကြောင်းကြားခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
နယ်စပ်အနီး ဖြစ်ပွားနေသည့် တိုက်ပွဲများ၏ အကျိုးဆက်များ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ကူးစက်သက်ရောက်မှုများ ရှိနေသည့်အပေါ် ထိုင်းနိုင်ငံ၏ စိုးရိမ်မကင်းဖြစ်မှုကို အလေးထား ပြောကြားခဲ့ပြီး၊ ထိုင်းနိုင်ငံကို ထိခိုက်စေမည့် မည်သည့် နယ်စပ်စစ်ရေး လှုပ်ရှားမှုကိုမဆို ရှောင်ရှားရန် တိုက်တွန်းခဲ့သည်။
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မျိုးဆွေက အဆိုပါ အကြောင်းအရာကို လက်ခံမှတ်သားခဲ့ပြီး ထိုင်းနိုင်ငံ၏ စိုးရိမ်မကင်းဖြစ်မှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများထံ ဆက်လက် တင်ပြသွားမည်ဟု အကြောင်းပြန်ခဲ့သည်။
ဒုတိယဝန်ကြီးချုပ် သီဟသက် ဖွမ်းကေတေယျာသည် အဆိုပါ ဖုန်းဆက်ဆွေးနွေးချိန်၌ တရုတ်နိုင်ငံ၊ ပေကျင်းမြို့တွင် နိုဝင်ဘာ ၂ ရက်မှ ၄ ရက်အထိ ကျင်းပလျက်ရှိသည့် ၁၁ ကြိမ်မြောက် မဲခေါင်-လန်းချန် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး (11th Mekong-Lancang Foreign Ministers’ Meeting) သို့ တက်ရောက်ရန် ရောက်ရှိနေခြင်းဖြစ်ပါတယ်။
Source;Thaiger
