ပေကျင်းထိပ်သီးအစည်းအဝေး- ထိုင်ဝမ်အရေး အဓိကအခန်းကဏ္ဍမှ ပါဝင်လာဖွယ်ရှိ

အင်ဒို-ပစိဖိတ်ဒေသအတွင်း မတည်ငြိမ်မှုသစ်များ မဖြစ်ပေါ်စေရန် ဝါရှင်တန်က ကြိုးပမ်းနေစဉ်အတွင်း ဤထိပ်သီးဆွေးနွေးပွဲ ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။

သမ္မတ Trump သည် မေလ ၁၄ ရက်နှင့် ၁၅ ရက် တို့တွင် ပေကျင်းမြို့သို့ သွားရောက်ကာ သမ္မတ Xi နှင့် တွေ့ဆုံဆွေးနွေးသွားရန် စီစဉ်ထားပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio က ထိုင်ဝမ်အရေးသည် အင်အားကြီးနိုင်ငံနှစ်ခုကြား အမြဲတမ်းဆွေးနွေးလေ့ရှိသည့် အကြောင်းအရာဖြစ်ပြီး၊ ယခုတစ်ကြိမ်တွင်လည်း ထိပ်တန်းကဏ္ဍတွင် ရှိနေမည်မှာ သေချာကြောင်း ပြောကြားခဲ့ပါတယ်။ 

ထိုင်ဝမ် သို့မဟုတ် အင်ဒို-ပစိဖိတ်ဒေသ၏ မည်သည့်နေရာတွင်မဆို မတည်ငြိမ်သည့် ဖြစ်ရပ်များ ဖြစ်ပေါ်လာခြင်းသည် မည်သည့်ဘက်အတွက်မျှ အကျိုးမရှိကြောင်း နှစ်ဖက်စလုံးက နားလည်ထားကြသည်ဟု Rubio က ဆိုပါတယ်။ ထိုင်ဝမ်အပေါ် တရုတ်၏ စစ်ရေးအရ ဖိအားပေးမှုများ မြင့်တက်နေချိန်တွင် ယခုတွေ့ဆုံမှု ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။ အမေရိကန်သည် ထိုင်ဝမ်၏ အရေးပါဆုံးသော နိုင်ငံတကာထောက်ခံသူနှင့် လက်နက်ပံ့ပိုးပေးသူဖြစ်သည့်အတွက် တရုတ်အစိုးရက အစဉ်တစိုက် မကျေမနပ် ဖြစ်လျက်ရှိပါတယ်။

Source;The Nation