ယနေ့ (၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက်၊ တနင်္လာနေ့) နံနက်ပိုင်းက ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မင်ဒါနာအို (Mindanao) ဒေသတွင် ပြင်းအား 7.8 အဆင့်ရှိ အလွန်ပြင်းထန်သော ငလျင်ကြီးတစ်ခု လှုပ်ခတ်သွားခဲ့ပြီးနောက် ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် ဂျပန်နိုင်ငံတို့တွင်ပါ ဆူနာမီ (Tsunami) သတိပေးချက်များ အရေးပေါ်ထုတ်ပြန်ထားပါတယ်။
ဇွန်လ ၈ ရက် နံနက် ၀၇:၃၇ နာရီခန့်တွင် မင်ဒါနာအိုကျွန်း၏ တောင်ဘက်အစွန်းဆုံး ဆာရန်ဂါနီ (Sarangani) ပြည်နယ်၊ ဂျင်နရယ်ဆန်းတို့စ် (General Santos) မြို့ကမ်းလွန်ကို ဗဟိုပြု၍ အနက် ၃၅ ကီလိုမီတာကို စူးစိုက်လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
ဂျင်နရယ်ဆန်းတို့စ်မြို့ရှိ ကုန်စုံဆိုင်များနှင့် အဆောက်အအုံအချို့ ပြိုကျပျက်စီးခဲ့ပြီး၊ ရဲစခန်းအဆောက်အအုံများ အက်ကွဲကြောင်းထွက်သွားခဲ့သည်။ ငလျင်ပြင်းလွန်းသဖြင့် အချို့သူများ မူးလဲသွားခဲ့ကြသော်လည်း လတ်တလောတွင် လူသေဆုံးမှု သတင်းများ ချက်ချင်းတက်လာခြင်း မရှိသေးပါ။ ဒေသခံရဲအရာရှိတစ်ဦးက ၎င်းတို့ကြုံဖူးသမျှ အပြင်းထန်ဆုံးငလျင်ဖြစ်ကြောင်း ပြောကြားထားသည်။
ကမ်းရိုးတန်းဒေသများတွင် ပုံမှန်ဒီရေထက် ၁ မီတာမှ ၃ မီတာ (၃ ပေမှ ၁၀ ပေခန့်) အထိ မြင့်တက်နိုင်သည့် ဆူနာမီလှိုင်းများ ရိုက်ခတ်နိုင်သဖြင့် ကမ်းခြေအနီးနေထိုင်သူများ အရေးပေါ်ရွှေ့ပြောင်းကြရန် ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာကိုယ်တိုင် အထက်မြင့်နေရာများသို့ အချိန်မဆွဲဘဲ အမြန်ဆုံးရွှေ့ပြောင်းကြရန် တိုက်တွန်းနှိုးဆော်ထားသည်။
အင်ဒိုနီးရှားနိုင်ငံ မြောက်အရှေ့ဘက်ကမ်းရိုးတန်းနှင့် ဂျပန်နိုင်ငံတောင်ဘက် ကမ်းရိုးတန်းတလျှောက် (အိဘာရာကီခရိုင်မှ အိုကီနာဝါခရိုင်အထိ) ဆူနာမီသတိပေးချက်များ ထုတ်ပြန်ထားသည်။
(မဟာသမုဒ္ဒရာ ဟာဝိုင်အီကျွန်းတွင်မူ ဆူနာမီအန္တရာယ်မရှိကြောင်း သိရသည်)။
ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် ဂျပန်နိုင်ငံတို့သည် ပစိဖိတ်မီးကွင်းဒေသ (Ring of Fire) အတွင်း တည်ရှိနေသဖြင့် ယခုကဲ့သို့ ငလျင်နှင့် ဆူနာမီဘေးအန္တရာယ်များကို မကြာခဏ ရင်ဆိုင်ရလေ့ရှိပါတယ်ဗျာ။ အဆိုပါနိုင်ငံများသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများနှင့် ခရီးသွားများအနေဖြင့် ဒေသတွင်း အာဏာပိုင်များ၏ အရေးပေါ်သတိပေးချက်များကို မျက်ခြေမပြတ် စောင့်ကြည့်ကြဖို့ လိုအပ်ပါတယ်။
Source;CNNWorld
