ဘန်ကောက်မြို့၊ ဘန်ကောက်နွိုင် (Bangkok Noi) နယ်မြေအတွင်းရှိ ဝိချိုင်ဝက်ဆေးရုံ (Vichaiwetch Hospital) ရှေ့၊ ဂျရန်စနစ်ဝန်း လမ်းသွယ် ၂၈/၆ (Soi Charansanitwong 28/6) အနီးတွင် လမ်းကျွံမှုဖြစ်ပွားခဲ့သည်။ ဘန်ကောက်နွိုင်ခရိုင်ရုံး (Bangkok Noi District Office) ၏ ထုတ်ပြန်ချက်အရ ဖိုင်ချိုင် (Fai Chai) လမ်းဆုံအနီးရှိ အဆိုပါနေရာတွင် လမ်းမြေသားကျွံကျမှုကြောင့် လက်ရှိတွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရန် လမ်းကို ယာယီပိတ်ထားရပါတယ်။
ဖိုင်ချိုင်လမ်းဆုံမှတစ်ဆင့် ဖြတ်သန်းသွားလာသည့် ယာဉ်ကြောများကို ယာယီပိတ်ထားပါတယ်။
သာဖရာ (Tha Phra) လမ်းဆုံဘက်သို့ ဦးတည်သွားမည့် ယာဉ်အားလုံးသည် မြေအောက်လိုဏ်ခေါင်း (Tunnel) ကိုသာ အသုံးပြုကြရန် ညွှန်ကြားထားပါတယ်။
ယာဉ်ကြောပိတ်ဆို့မှုများကို လျှော့ချနိုင်ရန် အဆိုပါနယ်မြေအတွင်းသို့ မလိုအပ်ဘဲ ဖြတ်သန်းသွားလာခြင်း မပြုကြရန်နှင့် အခြားလမ်းကြောင်းများကို အသုံးပြုကြရန် အာဏာပိုင်များက မေတ္တာရပ်ခံထားပါတယ်။
ဒီလမ်းပိုင်းဟာ ပုံမှန်အားဖြင့်လည်း ကားတော်တော်လေး ရှုပ်တတ်တဲ့နေရာဖြစ်လို့ အခုလို လမ်းကျွံပြီး လမ်းပိတ်လိုက်ရတာက ဂျရန်စနစ်ဝန်းတစ်လျှောက်မှာ ယာဉ်ကြောပိတ်ဆို့မှုတွေ တော်တော်လေး ဖြစ်လာနိုင်ပါတယ်ဗျာ။
ဘန်ကောက်မှာရှိနေတဲ့ မြန်မာသူငယ်ချင်းတွေထဲက ဒီလမ်းပိုင်းကို အသုံးပြုပြီး အလုပ်သွား၊ အလုပ်ပြန်လုပ်နေတဲ့သူတွေအနေနဲ့ ဒီကနေ့ညနေပိုင်းနဲ့ မနက်ဖြန်ခရီးစဉ်တွေအတွက် အချိန်ပိုတွက်ထားကြဖို့ သို့မဟုတ် မြေအောက်ရထား MRT Blue Line (Fai Chai Station) ကို အစားထိုးအသုံးပြုကြဖို့ အကြံပြုချင်ပါတယ်။အထူးသဖြင့် ဆေးရုံရှေ့မှာ ဖြစ်တာမို့လို့ ဆေးရုံသွားဖို့ရှိတဲ့သူတွေအနေနဲ့လည်း လမ်းအခြေအနေကို ကြိုတင်စုံစမ်းပြီးမှ သွားကြပါခင်ဗျာ။
Source; Thairath
