ဘန်ကောက်ရထားလိုင်းများ တစ်ဦးတည်းပိုင်စနစ်သို့ ပြောင်းလဲပြီး ရထားခ ၄၀ ဘတ် သတ်မှတ်မည်

ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးဝန်ကြီး Phiphat Ratchakitprakarn သည် ထိုင်းနိုင်ငံ အမြန်နှုံးပြေးလျှပ်စစ်ရထား အာဏာပိုင်အဖွဲ့ (MRTA) ကို ရထားလိုင်းအားလုံး စီမံခန့်ခွဲမှုအား ဗဟိုချုပ်ကိုင်မှုအောက်သို့ ယူဆောင်ရန် ညွှန်ကြားလိုက်ပါတယ်။ ဤစီမံကိန်းသည် ၂၀၂၇ ခုနှစ် အစောပိုင်း တွင် အကောင်အထည်ပေါ်လာရန် ရည်မှန်းထားပါတယ်။

အဓိက လုပ်ဆောင်မည့် အချက်များ

▪️ရထားလိုင်းအားလုံးအတွက် တစ်နေ့တာ အမြင့်ဆုံးစီးနင်းခကို ၄၀ ဘတ်ဖြင့် ကန့်သတ်ရန်။

ဘန်ကောက်မြို့တော် စီမံခန့်ခွဲရေး (BMA) ထံမှ Green Line ကို MRTA အောက်သို့ လွှဲပြောင်းရန် ဆွေးနွေးမှုများကို အမြန်လုပ်ဆောင်မည်။

▪️BTSC (Green Line) နှင့် BEM (Blue Line) တို့ကို အစိုးရ၏ ကုန်ဈေးနှုန်းလျှော့ချရေး အစီအစဉ်တွင် ပါဝင်လာရန် ဆွေးနွေးမည်။

▪️အစိုးရက ရထားခနှုန်းထားများကို ပိုမိုထိန်းချုပ်နိုင်မည့် “Gross Cost” မော်ဒယ်သို့ ပြောင်းလဲရန် စီစဉ်နေသည်။

ထားလိုင်းအသစ်များ၏ တိုးတက်မှု အခြေအနေ

▪️Purple Line (တောင်ဘက်ပိုင်း): Tao Poon မှ Rat Burana အထိ တိုးချဲ့မှုလုပ်ငန်းများ ပုံမှန်အတိုင်း တိုးတက်နေပြီး ၂၀၃၀ တွင် ဖွင့်လှစ်ရန် လျာထားပါတယ်။

▪️Orange Line (အရှေ့ဘက်ပိုင်း): Thailand Cultural Centre မှ Min Buri အထိ လိုင်းမှာ စနစ်တပ်ဆင်မှု ၅၀% ကျော် ပြီးစီးနေပါပြီ။ ပထမဆုံး ရထားတွဲများကို ၂၀၂၆ အောက်တိုဘာ တွင် လက်ခံရရှိမည်ဖြစ်ပြီး ၂၀၂၇ နှစ်ကုန်ပိုင်း သို့မဟုတ် ၂၀၂၈ အစောပိုင်းတွင် ဖွင့်လှစ်နိုင်ဖွယ် ရှိပါတယ်။

Source;The Nation