မြန်မာလုပ်သားများ လစာ ၂၅% ပြန်ပို့ရမည့် မူဝါဒကို ထိုင်းကန့်ကွက်၊ CI စခန်းများ ဆက်ထားမည်

မြန်မာရွှေ့ပြောင်းလုပ်သားများ ၎င်းတို့၏ လုပ်ခလစာမှ ၂၅ ရာခိုင်နှုန်းအား မိခင်နိုင်ငံသို့ မဖြစ်မနေ ပြန်လည်ပေးပို့ရမည်ဆိုသည့် မြန်မာစစ်ကောင်စီ၏ သတ်မှတ်ချက်သည် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ဆန့်ကျင်နေသဖြင့် ထိုင်းအလုပ်သမားဝန်ကြီးဌာနက ကန့်ကွက်လိုက်ပါတယ်။ ထို့အပြင် လုပ်သားများ၏ သက်သေခံလက်မှတ် (CI) ထုတ်ပေးသည့် စခန်းများကိုလည်း ဖျက်သိမ်းမည်မဟုတ်ဘဲ ဆက်လက်ထားရှိမည်ဟု အတည်ပြုခဲ့သည်။

CI စနစ်အစား ထိုင်းနိုင်ငံ၏ ပန်းရောင်ကတ်များဖြင့် အစားထိုးပါက အမျိုးသား လုံခြုံရေးနှင့် လိမ်လည်မှုများ ဖြစ်ပေါ်လာနိုင်သဖြင့် မိခင်နိုင်ငံ၏ အချက်အလက်များပါဝင်သည့် CI စခန်းများကို ထိုင်းပိုင်နက်အတွင်း ဆက်လက်ဖွင့်လှစ်ထားမည်ဖြစ်သည်။ ထို့အပြင် မြန်မာဘက်၏ သတ်မှတ်ချက်များ နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီရေး နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်သည်။

တိုက်ပွဲများကြောင့် ထွက်ပြေးလာသည့် မြန်မာစစ်ဘေးရှောင်များအား ယာယီစခန်းများရှိသည့် မြို့နယ်များအတွင်း အလုပ်လုပ်ခွင့်ပါမစ် မလိုဘဲ တရားဝင် အလုပ်လုပ်ခွင့်ပြုမည်ဖြစ်ပြီး ခွင့်ပြုချက် သက်တမ်းကို ၁ နှစ်မှ ၂ နှစ်အထိ တိုးမြှင့်ပေးမည်ဖြစ်သည်။

လုပ်သားလိုအပ်ချက် ပြေလည်စေရန် လုပ်သားများ၏ အလုပ်လုပ်ခွင့် သက်တမ်းကို ၂၀၂၉ ခုနှစ်အထိ တိုးမြှင့်ပေးခဲ့ပြီး၊ ရွှေ့ပြောင်းလုပ်သားများအားလုံးကို တရားဝင် စနစ်အတွင်း သွတ်သွင်းကာ မလိုလားအပ်သည့် နိုင်ငံရေး လှုပ်ရှားမှုများ မဖြစ်စေရန် စိစစ်သွားမည်ဖြစ်ပါတယ်။

Source;Khaosod