သင်အစိမ်းစားနေတဲ့ ဟင်းရွက်တွေထဲမှာ ကပ်ပါးပိုးတွေ ပါနေနိုင်သလား?

အသုတ်တွေ၊ အတို့အမြှုပ်တွေထဲမှာ ပါဝင်တဲ့ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေဟာ ကျန်းမာရေးအတွက် အထောက်အကူပြုပေမဲ့ ၂၀၂၆ ခုနှစ်ရဲ့ နောက်ဆုံးစစ်ဆေးချက်တွေအရ အချို့သော ဟင်းရွက်တွေမှာ ကပ်ပါးပိုးဥတွေနဲ့ ပိုးလောင်းတွေ ပါဝင်မှုနှုန်း မြင့်မားနေတာကို တွေ့ရှိခဲ့ရပါတယ်။

အထူးသဖြင့် အစိမ်းစားရင် ပိုသတိထားရမယ့် ကပ်ပါးပိုး ပါဝင်မှုနှုန်း အမြင့်ဆုံး ဟင်းရွက် (၁၀) မျိုး ကတော့ –

၁။ တရုတ်နံနံ (Celery): ၆၃.၃% 

၂။ ပုဒီနာ/ပူစီနံ (Mint): ၆၀% 

၃။ မြင်းခွာရွက် (Gotu kola): ၅၇.၁% 

၄။ နံနံပင် (Thai coriander): ၄၄.၈% 

၅။ ကြက်သွန်မြိတ် (Spring onion): ၄၃.၃% 

၆။ ဖတ်ဖယ်/နံနံရှည် (Culantro): ၃၆.၇% 

၇။ မုန်ညင်းထုပ် (Chinese cabbage): ၂၃.၃% 

၈။ ဆလတ်ရွက် (Lettuce): ၂၀% 

၉။ ပင်စိမ်း (Thai basil): ၁၀% 

၁၀။ ကန်စွန်းရွက် (Chinese water spinach): ၆.၇%

ဘာကြောင့် ဒီဟင်းရွက်တွေမှာ ပိုများတာလဲ?

ကပ်ပါးပိုးဥတွေဟာ သေးငယ်လွန်းလို့ သာမန်မျက်စိနဲ့ မမြင်နိုင်ပါဘူး။ အထူးသဖြင့် အရွက်အခေါက်တွေ၊ အဖုအထစ်တွေနဲ့ အမြစ်နားနီးတဲ့ အစိတ်အပိုင်းတွေမှာ မြေကြီး ဒါမှမဟုတ် မသန့်ရှင်းတဲ့ ရေတွေကတစ်ဆင့် ကပ်ပါးပိုးတွေ ခိုအောင်းနေတတ်တာ ဖြစ်ပါတယ်။

🚫 အစိမ်းစားရင် သတိထားရမယ့် အခြားဟင်းရွက်များ

ကပ်ပါးပိုးအပြင် အောက်ပါဟင်းရွက်တွေကိုလည်း အစိမ်းအများကြီးစားရင် ဘေးထွက်ဆိုးကျိုး ရှိနိုင်ပါတယ် –

ပဲသီး: ပိုးသတ်ဆေး ကျန်ရှိနေနိုင်သလို လေပွစေတတ်ပါတယ်။

မျှစ်နှင့် ပိန်းဥ/ကန်စွန်းဥ: သဘာဝ ဆိုင်ယာနိုက် (Cyanide) ဓာတ်ပါဝင်လို့ သေချာကျက်အောင် ချက်စားရပါမယ်။

ဂေါ်ဖီထုပ်: အစိမ်းအလွန်အကျွံစားရင် သိုင်းရွိုက် (Thyroid) လုပ်ဆောင်ချက်ကို နှောင့်နှေးစေနိုင်ပါတယ်။

ဟင်းနုနွယ်: Oxalic acid မြင့်မားလို့ ကျောက်ကပ်ကျောက်တည်နိုင်ခြေ ရှိသူတွေ သတိထားရပါမယ်။

✅ ဘေးကင်းအောင် ဘယ်လိုစားမလဲ?

၁။ သေချာဆေးကြောပါ: အရွက်တွေကို တစ်ရွက်ချင်းစီ ခွာပြီး ရေများများနဲ့ စနစ်တကျ ဆေးပါ။ 

၂။ ကျက်အောင်ချက်စားပါ: ဖြစ်နိုင်ရင် “ကျက်အောင်ချက်၊ ပူပူစား၊ သန့်ရှင်းစွာထား” ဆိုတဲ့ မူအတိုင်း စားသုံးတာက ကပ်ပါးပိုးအန္တရာယ်ကို အထိရောက်ဆုံး ကာကွယ်နိုင်ပါတယ်။ 

၃။ သန့်ရှင်းမှု ဂရုစိုက်ပါ: ဟင်းရွက်တွေ သယ်ယူပို့ဆောင်တဲ့အခါ ဒါမှမဟုတ် ရောင်းချတဲ့အခါမှာလည်း မသန့်ရှင်းတဲ့အရာတွေနဲ့ မထိတွေ့အောင် ဂရုစိုက်ဖို့ လိုပါတယ်။

💡 အကြံပြုချက် – ဟင်းသီးဟင်းရွက်တွေကနေတစ်ဆင့် သံကောင်၊ ကပ်ပါးပိုးတွေ မဝင်အောင် အသုတ်တွေ၊ အတို့အမြှုပ်တွေ စားတော့မယ်ဆိုရင် အထူးဂရုစိုက် ဆေးကြောကြဖို့ တိုက်တွန်းလိုပါတယ်။

ဒီအချက်အလက်လေးက သင့်မိသားစုနဲ့ သူငယ်ချင်းတွေအတွက် အသုံးဝင်မယ်ဆိုရင် Share လုပ်ပြီး သတိပေးလိုက်ပါဦးနော် ❤️

Source;The Nation