ကမ္ဘာကျော် Tomorrowland ဂီတပွဲတော်ဟာ ၂၀၂၆ ခုနှစ် ဒီဇင်ဘာလမှာ ထိုင်းနိုင်ငံ၊ ချွန်ဘူရီ (Chon Buri) မှာ အာရှပထမဆုံးအကြိမ်အဖြစ် ကျင်းပတော့မှာ ဖြစ်ပါတယ်။
ဒီပွဲတော်အတွက် ဘတ်ငွေ ဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာမယ်လို့ ထိုင်းခရီးသွားလုပ်ငန်းအဖွဲ့ က အတည်ပြုထားပါတယ်။
Tomorrowland စီစဉ်သူတွေဟာ ကျယ်ဝန်းတဲ့နေရာနဲ့ လွယ်ကူတဲ့လေဆိပ်ဆက်သွယ်မှုတွေကြောင့် ချွန်ဘူရီ (Chon Buri) ကို ရွေးချယ်ခဲ့တာပါ။
ဒီပွဲတော်ဟာ ရေရှည်စီမံကိန်းဖြစ်ပြီး အနည်းဆုံး ၅ နှစ်အထိ ကျင်းပဖို့ ရှိနေပါတယ်။
ဂီတဖျော်ဖြေပွဲတွေအပြင် ထိုင်းလုပ်ငန်းရှင်တွေရဲ့ ပွဲစီစဉ်နိုင်စွမ်းကို မြှင့်တင်ပေးမယ့် အကယ်ဒမီတစ်ခုလည်း ပါဝင်မှာဖြစ်ပါတယ်။
နိုင်ငံတကာကနေ လူပေါင်း သိန်းနဲ့ချီပြီး လာရောက်ကြမယ်လို့ ခန့်မှန်းထားတာကြောင့် ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းအတွက် ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရရှိစေမှာ ဖြစ်ကြောင်း တင်ပြအပ်ပါတယ်ရှင်။