Etomidate ပါဝင်သော ‘ ZOMBIE VAPE’ ဟုခေါ်သည့် အီလက်ထရွန်းနစ်စီးကရက် cartridgesများ ရောင်းဝယ်ဖောက်ကားမှုဖြင့် စင်္ကာပူအမျိုးသားတစ်ဦးနှင့် ထိုင်းအမျိုးသမီးသုံးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ Etomidate သည် ချမ်းသာသူများနှင့် influencers များကြားတွင် ရေပန်းစားသည့် ထိန်းချုပ်ထားသော မေ့ဆေးတစ်မျိုးဖြစ်သည်။
အမျိုးသမီးနှင့်ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေးဌာနနှင့် ONCB ဘန်ကောက်တို့သည် Huai Khwang နှင့် Din Daeng ခရိုင်ရှိ ဇိမ်ခံကွန်ဒိုနှစ်ခုကို ဝင်ရောက်စီးနင်းခဲ့ရာ Etomidate Vape cartridges ၁၅၀၊ ketamine နှင့် ဘတ် ၈.၃ သန်းကျော် (ဒေါ်လာ ၂၅၇,၅၀၀) တန်ဖိုးရှိ ပိုင်ဆိုင်မှုများကို သိမ်းဆည်းရမိခဲ့သည်။

ရဲအရာရှိများသည် ပထမဆုံးအကြိမ်အဖြစ် Huai Khwang ကွန်ဒိုတွင် ဖောက်သည်များထံ ပစ္စည်းပို့ဆောင်နေသည့် အသက် ၂၂ နှစ်အရွယ် Ms. Atchariya နှင့် အသက် ၂၇ နှစ်အရွယ် Ms. Khanapich တို့ကို ဖမ်းဆီးခဲ့သည်။ အမျိုးသမီးများက cartridges များကို တစ်ခုလျှင် ဘတ် ၁,၈၀၀ မှ ၂,၀၀၀ (ဒေါ်လာ ၆၀-၆၂) ဖြင့် ရောင်းချခဲ့ကြောင်း ဝန်ခံခဲ့ပြီး နေ့စဉ် hi-so(အထက်တန်းလွှာ) ဖောက်သည်များနှင့် အွန်လိုင်းနာမည်ကြီးများထံသို့ ယူနစ် ၅၀ မှ ၁၀၀ အထိ ရောင်းချခဲ့သည်။
စုံစမ်းရရှိသည့် သဲလွန်စများအတိုင်း ရဲတပ်ဖွဲ့သည် Din Daeng ဇိမ်ခံကွန်ဒိုတစ်ခုတွင် ဖမ်းဆီးရေးလုပ်ငန်းတစ်ခု လုပ်ဆောင်ခဲ့ရာ အသက် ၃၃ နှစ်အရွယ် စင်္ကာပူနိုင်ငံသား Mr. Kingley (Tommy) နှင့် ၎င်း၏ထိုင်းချစ်သူ အသက် ၂၄ နှစ်အရွယ် Ms. Lalita (Ann) တို့ကို cartridges ၁၃၀ နှင့် ဘတ် ၁ သန်းကျော်ငွေသားတို့နှင့်အတူ ဖမ်းဆီးခဲ့သည်။
ထိုလေးဦးစလုံးကို အမျိုးအစား ၂ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု ဖြင့် စွဲချက်တင်ထားသည်။ စင်္ကာပူအမျိုးသားအား ဗီဇာသက်တမ်းကျော်လွန်နေမှုဖြင့်ပါ စွဲချက်တင်ထားသည်။
Etomidate သည် ဆေးဘက်ဆိုင်ရာမေ့ဆေးဖြစ်ပြီး ဗေ့ပ်ထုတ်ကုန်များတွင် အလွဲသုံးစားပြုမှုများကြောင့် ထိုင်းနိုင်ငံက ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင် အမျိုးအစား ၂ မူးယစ်ဆေးဝါးအဖြစ် ပြန်လည်သတ်မှတ်ခဲ့သည်။ ၎င်း၏ဘေးထွက်ဆိုးကျိုးများတွင် ပျော်ရွှင်မှု၊ ငိုက်မျဉ်းမှုများ ပါဝင်သော်လည်း အလွန်အကျွံသုံးစွဲပါက သတိလစ်ခြင်း၊ ဖုတ်ကောင်ကဲ့သို့သော အပြုအမူများ၊ အောက်ဆီဂျင်ပြတ်တောက်ခြင်းနှင့် သေဆုံးခြင်းတို့ ဖြစ်ပွားစေနိုင်သည်။

Source: Khaosod