Sungai Golok ၊ ဩဂုတ် ၅ (၂၀၂၆) – ထိုင်းနိုင်ငံတောင်ပိုင်း နရာသီဝပ်ခရိုင်၊ Sungai Golok ရှိ စန္တိဖတ် အားကစားကွင်း၌ ကျင်းပနေသည့် ဘောလုံးပြိုင်ပွဲအတွင်း မိုးကြိုးပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ ထိုင်းတတိယတန်းကလပ် Yala FC အသင်း၏ အတောင်ပံကစားသမား အသက် ၂၄ နှစ်အရွယ် ဆော့ဖ်ဝမ် အာဝေး (Sofwan Awae) ကွင်းအတွင်း သေဆုံးသွားခဲ့ရပါတယ်ဗျာ။
ဩဂုတ်လ ၄ ရက် ညနေ ၅:၃၀ နာရီခန့်တွင် Golok Cup ဘောလုံးပြိုင်ပွဲ၏ SAMCOLTS အသင်းနှင့် Abu x Nong Sirin အသင်းတို့ ယှဉ်ပြိုင်ကစားနေစဉ် ပယ်နယ်တီဧရိယာအတွင်းသို့ မိုးကြိုး စက်ဝိုင်းလိုက် ကျရောက်ခဲ့ခြင်းဖြစ်သည်။
SAMCOLTS အသင်းတွင် ပါဝင်ကစားနေသည့် ဆော့ဖ်ဝမ်သည် မိုးကြိုးတိုက်ရိုက် ထိမှန်ခဲ့ပြီး အရေးပေါ် ဆေးအဖွဲ့က ကွင်းအတွင်း ပြန်လည် အသက်ရှူနိုင်ရေး ကြိုးပမ်းခဲ့သော်လည်း ရရှိထားသော ပြင်းထန် ဒဏ်ရာများကြောင့် ကွယ်လွန်သွားခဲ့ရသည်။
မိုးကြိုးပစ်ခတ်မှုကြောင့် မလေးရှား ဘောလုံးသမား တစ်ဦးအပါအဝင် အခြားကစားသမား ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ရသည်။
ဆော့ဖ်ဝမ်၏ ကလပ်အသင်းဖြစ်သည့် Yala FC နှင့် ထိုင်းဘောလုံးအဖွဲ့ချုပ် (FAT) တို့က သေဆုံးသူ၏ မိသားစုနှင့် ထပ်တူ ဝမ်းနည်းကြောင်း သဝဏ်လွှာများ အသီးသီး ထုတ်ပြန်ထားကြသည်။
Source;TheStraitsTimes
