ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီပြည်နယ် (Kanchanaburi) အစိုးရသည် စက်တင်ဘာလ ၂၆ ရက်နေ့က ပတ္တရား (Pattaya) မှ ပျောက်ဆုံးသွားခဲ့သည့် အသက် ၁၉ နှစ်အရွယ် ဗြိတိန်နိုင်ငံသား လောရင့်စ် (Lawrence) ကို ရှာဖွေရန်အတွက် စုံစမ်းစစ်ဆေးမှုများ အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိသည်။ ၎င်းအား စံခလာဘူရီ (Sangkhla Buri) ခရိုင်မှတစ်ဆင့် မြန်မာနိုင်ငံသို့ ဖြတ်ကျော်ရန် ကြိုးပမ်းနေစဉ် CCTV မှတ်တမ်းများ တွင် တွေ့ရှိခဲ့ရသည်။ အာဏာပိုင်များက ၎င်းသည် အစိုးရ၏ သတိပေးချက်များရှိသော်လည်း အွန်လိုင်းငွေလိမ်ဂိုဏ်း ခေါ်ယူသူများ၏ သွေးဆောင်မှု ကို ခံခဲ့ရမည်ကို စိုးရိမ်လျက်ရှိသည်။
ချွန်ဘူရီ (Chonburi) ပြည်နယ်တွင် နေထိုင်သူ ထိုင်း-ရုရှားမိခင်ဖြစ်သူ ဂူနာရာ (Gulnara)က ပတ္တရား၌ ပျောက်ဆုံးမှုအစီရင်ခံစာကို တင်သွင်းခဲ့ပြီး သားဖြစ်သူ လောရင့်စ်ကို ရှာဖွေရာတွင် အများပြည်သူ၏ အကူအညီကို တောင်းခံခဲ့သည်။ မြန်မာနယ်စပ်တစ်လျှောက်ရှိ ကန်ချနာဘူရီပြည်နယ်၊ စံခလာဘူရီဧရိယာအနီးတွင် ၎င်း၏ အီးမေးလ်လှုပ်ရှားမှု ကို တွေ့ရှိပြီးနောက် မိခင်ဖြစ်သူ၏ စိုးရိမ်ပူပန်မှု ပိုမိုမြင့်တက်လာခဲ့သည်။
အောက်တိုဘာလ ၂ ရက်နေ့တွင် ကန်ချနာဘူရီအုပ်ချုပ်ရေးမှူး အဆန် အင်တာရာ (Athisan Intara) က လမ်းများ၊ ဟိုတယ်များနှင့် အပန်းဖြေစခန်းများရှိ CCTV မှတ်တမ်းများအားလုံးကို ပြန်လည်စစ်ဆေးရန် အမိန့်ပေးခဲ့သည်။
စက်တင်ဘာလ ၂၇ ရက်နေ့ ညနေ ၃:၃၂ တွင် Century Hotspring Resort ၌ လောရင့်စ်သည် မိုးထဲတွင် အိတ်ကြီးတစ်လုံးကို သယ်ဆောင်ကာ လမ်းလျှောက်နေသည်ကို တွေ့ရှိခဲ့သည်။ ၎င်းသည် ဖုန်းအားသွင်းရန် ခေတ္တဝင်ရောက်ပြီးနောက် ခြေလျင်ထွက်ခွာသွားခဲ့ကြောင်း Resort ဝန်ထမ်းများက ပြောသည်။

ထို့နောက် Sai Yok Noi ရေတံခွန်အနီး တွင် ကားတစ်စီးနှင့် လိုက်ပါရန် ခရီးသည်တင်ကားကို စောင့်ဆိုင်းနေစဉ် တွေ့ခဲ့ရသည်။ ထိုနေရာမှ ကားမောင်းလာသော ဆရာတစ်ဦး က ၎င်းအား တင်ဆောင်ကာ စံခလာဘူရီသို့ ပို့ပေးခဲ့သည်။ အာဏာပိုင်များက အဆိုပါ ဆရာကို အချက်အလက်များရရှိရန် ဆက်လက်ရှာဖွေနေသည်။
နယ်စပ်ဖြတ်ကျော်ရန် ကြိုးပမ်းမှု
အဆိုပါနေ့၌ပင် မြန်မာနယ်စပ်ရှိ လူဝင်မှုကြီးကြပ်ရေးအရာရှိများက လောရင့်စ်အား ဖားရ်းတောင်စူး (Phaya Tong Su) မြို့နယ် ဘက်သို့ ဖြတ်ကျော်ရန် ကြိုးပမ်းစဉ် တွေ့ရှိခဲ့သည်။ အရာရှိများက ဝင်ရောက်တားဆီးပြီး လက်ရှိတွင် မြန်မာနိုင်ငံသို့ နယ်စပ်ဖြတ်ကျော်ခွင့်ကို ပိတ်ပင်ထားကြောင်း ရှင်းပြခဲ့သည်။
လူဝင်မှုကြီးကြပ်ရေးအရာရှိများက လောရင့်စ်သည် ဖုန်းကို အဆက်မပြတ်ပြောဆိုနေ ပြီး ခြံစည်းရိုးမှတစ်ဆင့် တိတ်တဆိတ် ဖြတ်ကျော်ရန် ကြိုးပမ်းနေသည်ကို သတိပြုမိခဲ့သည်။ ၎င်းတို့က တားဆီးကာ နေရပ်ပြန်ရန် ညွှန်ကြားပြီး ဘတ်စ်ကားဂိတ်သို့ လိုက်ပို့ခဲ့သည်။ ၎င်းမှာ တရားဝင်အတည်ပြုနိုင်သည့် နောက်ဆုံးတွေ့ရှိမှုဖြစ်ပြီး မိသားစုက ပျောက်ဆုံးကြောင်း မတိုင်ကြားမချင်း ခြေရာခံမရတော့ပေ။
လောရင့်စ်သည် အရာရှိများ အာရုံပြောင်းနေစဉ်အတွင်း နယ်စပ်ကို တိတ်တဆိတ် ဖြတ်ကျော်သွားခဲ့သည် ဟု ယုံကြည်ရသည်။ ၎င်း၏ အဆက်မပြတ် ဖုန်းပြောဆိုမှုများသည် မြန်မာဘက်ခြမ်းမှ တစ်စုံတစ်ဦးနှင့် အဆက်အသွယ်ရှိနေခြင်းကို ဖော်ပြနေသည်။
မိခင်ဖြစ်သူ ဂူနာရာက ၎င်း၏သားသည် တိတ်ဆိတ်သော်လည်း ကွန်ပျူတာကျွမ်းကျင်မှုရှိသည့် အလွန်ဉာဏ်ကောင်းသူ တစ်ဦးဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ကြီးထွားလာနေသော စိုးရိမ်ဖွယ်ရာဖြစ်သည့် အွန်လိုင်းငွေလိမ်လုပ်ငန်းများအတွက် အလုပ်လုပ်ရန် မြန်မာနိုင်ငံသို့ ဖြတ်ကျော်ရန် လှည့်ဖြားခံရခြင်းကို သူမက အထူးစိုးရိမ်နေသည်။
အုပ်ချုပ်ရေးမှူး အထီဆန်သည် လောရင့်စ်ကို မတွေ့မချင်း ရှာဖွေရေးလုပ်ငန်းများ အပြည့်အဝ ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာ အေဂျင်စီများအားလုံးကို စုစည်းညွှန်ကြားထားသည်။
Source: Khaosod