ဘန်ကောက်အုပ်ချုပ်ရေးမှူးရွေးကောက်ပွဲတွင် ချက်ချတ် ဆစ်သီဖန့် မဲအပြတ်အသတ်ဖြင့် ဒုတိယသက်တမ်း ထပ်မံအနိုင်ရရှိ

ဘန်ကောက်မြို့အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွင် လက်ရှိအုပ်ချုပ်ရေးမှူး မစ္စတာ ချက်ချတ် ဆစ်တီဖန့် က မဲအပြတ်အသတ်ဖြင့် ဒုတိယသက်တမ်းအတွက် ထပ်မံအနိုင်ရရှိသွားကြောင်း တရားဝင်မဟုတ်သည့် မဲရလဒ်များအရ ကြေညာခဲ့သည်။ ၎င်းသည် အရပ်ဘက်အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး ပို့ဆောင်ရေးဝန်ကြီးဟောင်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် လူထုသဘောကျသော ခေါင်းဆောင်တစ်ဦး ဖြစ်သည်။

မဲရလဒ်နှင့် ပြည်သူ့အမိန့် နောက်ဆုံးထွက်ပေါ်ချက်အရ နံပါတ် ၉ ကိုယ်စားလှယ်ဖြစ်သူ ချက်ချတ်သည် ရေတွက်ပြီးသည့် မဲအရေအတွက်၏ ၉၄.၉၉ ရာခိုင်နှုန်း (မဲအရေအတွက် ၁.၄၄၄ သန်းခန့်) အထိ ရရှိခဲ့ပြီး ၎င်း၏အနီးစပ်ဆုံးပြိုင်ဘက် မလ္လိကာကို အပြတ်အသတ် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ ချက်ချတ်က ယခုနိုင်ပွဲသည် အောင်ပွဲခံရန် မဟုတ်ဘဲ ပြည်သူများက ပေးအပ်သည့် တာဝန်နှင့် အမိန့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ပြည်သူ့မျှော်မှန်းချက်များ ပိုမိုမြင့်မားလာပြီး နည်းပညာနှင့် ကမ္ဘာ့အခြေအနေများ လျင်မြန်စွာ ပြောင်းလဲနေသောကြောင့် လာမည့် ၄ နှစ် သက်တမ်းသည် ပထမသက်တမ်းထက် ပိုမိုခက်ခဲပြီး တာဝန်ကြီးနိုင်ကြောင်း ၎င်းက သုံးသပ်ထားသည်။

ရှေ့လုပ်ငန်းစဉ်များနှင့် ရက် ၁၀၀ စီမံကိန်း ရွေးကောက်ပွဲကော်မရှင်က ရလဒ်ကို အတည်ပြုပြီးပါက ပြင်ဆင်ထားသည့် မူဝါဒစီမံကိန်း ၂၆၀ ကျော်ကို မဟာဗျူဟာမြောက် စီမံကိန်းအဖြစ် ပြောင်းလဲကာ ပထမရက် ၁၀၀ အတွင်း အရေးကြီးလုပ်ငန်းစဉ်များကို စတင်အကောင်အထည်ဖော်မည် ဖြစ်သည်။ 

အထူးသဖြင့် ရေကြီးရေလျှံမှု၊ ယာဉ်ကြောပိတ်ဆို့မှု၊ လူမှုမညီမျှမှုနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးတို့ကို အဓိက ဦးစားပေး ဆောင်ရွက်မည်ဖြစ်သည်။ ပြည်သူ့ပါတီ (People’s Party) အပါအဝင် အခြားပြိုင်ဘက်ပါတီများ၏ ကောင်းမွန်သော မူဝါဒများကိုလည်း ဘန်ကောက်မြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထည့်သွင်းစဉ်းစား ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဆိုသည်။

ပထမသက်တမ်း အောင်မြင်မှုများ ၂၀၂၂ မှ ၂၀၂၆ အထိ ပထမသက်တမ်းအတွင်း အချက်အလက်အခြေပြု ရေစီမံခန့်ခွဲမှုစနစ် (Water Traffic Control) ကို အင်ဂျင်နီယာပီပီ စနစ်တကျ ဆောင်ရွက်နိုင်ခဲ့သည့်အပြင်၊ ကျား၊ မ တန်းတူညီမျှမှုဆိုင်ရာ ကိစ္စရပ်များ (BKK Pride Clinics ၃၁ ခု တည်ထောင်ခြင်း) ကြောင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၏ ရွှေတံဆိပ်ဆု (Gender Equality Seal Gold) ကို အာရှပစိဖိတ်ဒေသတွင် ပထမဆုံးရရှိသည့် ပြည်သူ့အဖွဲ့အစည်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ချက်ချတ်၏ လာမည့်သက်တမ်း ရည်မှန်းချက်မှာ ပရောဂျက်အသေးများအဆင့်မှသည် ဘန်ကောက်မြို့ခံများ၏ နေ့စဉ်ဘဝကို သိသာစွာပြောင်းလဲပေးနိုင်မည့် ရေရှည်တည်တံ့သော ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ရန်နှင့် ဘန်ကောက်မြို့ကို နိုင်ငံတကာအဆင့်မီ မြို့ကြီးတစ်မြို့ ဖြစ်လာစေရန် ဖြစ်သည်။

Source;The Nation

#Mingalarnews #BangkokGovernor2026 #ChadchartSittipunt #BangkokElection #ChadchartLandslide