ထိုင်းနိုင်ငံတွင် ကျင်းပမည့် Miss Universe သရဖူဆောင်းပွဲ အခမ်းအနားမတိုင်မီ Miss Universe Thailand ပိုင်ရှင်နှင့် အိမ်ရှင်ကော်မတီ ဥက္ကဋ္ဌ Nawat Itsaragrisil (နဝတ် အစ်ဆရာဂရီဆီလ်) က ပြိုင်ပွဲဝင်များကို လူသိရှင်ကြား ပြစ်တင်ဝေဖန်ခဲ့ရာမှ ရှုပ်ထွေးမှုများ ဖြစ်ပွားခဲ့သည်။ အထူးသဖြင့် Miss Universe Mexico ကိုယ်စားလှယ် Fátima Bosch (ဖာတီမာ ဘော့ရှ်) အား ထိုင်းနိုင်ငံကို ကြော်ငြာရန်နှင့် ပြိုင်ပွဲလှုပ်ရှားမှုများအကြောင်း အကြောင်းအရာများ တင်ရန် ငြင်းဆန်မှုဖြင့် နဝတ်က ဝေဖန်ပြောဆိုခဲ့သည်။
“ဒါကြောင့် ခင်ဗျားတို့က အိမ်ရှင်နိုင်ငံကို ကြော်ငြာဖို့… ကိုယ့်အလုပ်တွေကို ပို့စ်တင်ဖို့၊ ဗီဒီယိုကလစ်ရိုက်ဖို့၊ လှုပ်ရှားမှုတိုင်းကို အသံလိုမျိုး၊ Like နဲ့ Share လုပ်ဖို့ စိတ်မဝင်စားဘူးဆိုရင်—ခင်ဗျားတို့က ကျွန်တော်တို့အတွက် ပြဿနာတွေ အများကြီးဖြစ်စေတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
၎င်းက အိမ်ရှင်နိုင်ငံကို လေးစားမှုရှိခြင်းသည် ပြိုင်ပွဲ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်ဟု ပြောဆိုခဲ့သည်။ “ထိုင်းနိုင်ငံကို မလေးစားဘူးဆိုရင် — ခင်ဗျား Miss Universe မဟုတ်ဘူး” ဟု နဝတ်က ပြောကြားခဲ့ပြီး “ထက်မြက်တဲ့ အမျိုးသမီးတွေနဲ့ စွမ်းဆောင်နိုင်တဲ့၊ မှန်ကန်တဲ့ဘက်မှာ ရပ်တည်တဲ့သူတွေသာ ခင်ဗျားတို့နဲ့အတူ ရှိရမယ်” ဟုလည်း ထည့်သွင်း ပြောကြားခဲ့သည်။

နဝတ်သည် အကြောင်းအရာများ တင်ရန် ငြင်းဆန်သူများအား လက်ထောင်ပြရန် တောင်းဆိုခဲ့သည်- “ကျွန်တော့်မှာ စာရင်းရှိတယ်။ ဗီဒီယိုရိုက်ဖို့ သဘောမတူတဲ့သူ ဘယ်သူလဲ။ လက်ထောင်ပြပါ။ ခင်ဗျားတို့ကို နောက်ထပ်အခွင့်အရေးပေးမယ်”
တစ်နေရာတွင် ၎င်းက ဘော့ရှ်ကို တိုက်ရိုက် ရင်ဆိုင်မေးမြန်းခဲ့သည်- “ကောင်းပြီ၊ မက္ကဆီကို။ ထိုင်းနိုင်ငံ၊ ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုတိုင်းအကြောင်း ပို့စ်တင်ဖို့ မသဘောတူဘူးလို့ ကျွန်တော်ကြားတယ်။ အဲဒါ အမှန်လား။ ခင်ဗျား ကျွန်တော်တို့ရဲ့ ခြေလှမ်းအတိုင်း လိုက်လုပ်နိုင်လား၊ မလုပ်နိုင်လား။ ခင်ဗျား ပို့စ်တင်နိုင်လား၊ မတင်နိုင်ဘူးလား။ ဟုတ်တယ်၊ မဟုတ်ဘူးလား
ခန်းမအပြင်ဘက်တွင် ဘော့ရှ်က ပြိုင်ပွဲ ဗီဒီယိုဘလော့ဂါများအား သူမ အရှက်ရခဲ့သည် ဟု ပြောကြာခဲ့သည်။
“သရဖူရဖို့က အရေးမကြီးပါဘူး၊ ဒါပေမဲ့ အဲဒါက ကိုယ့်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုရင် ထွက်သွားရမှာပဲ” ဟု သူမက ပြောခဲ့သည်။
ထိုအတောအတွင်း Miss Universe Organization (MUO) ဥက္ကဋ္ဌ Raul Rocha (ရာအူးလ် ရိုချာ) က စီရင်ဆုံးဖြတ်မှုသည် ပုဂ္ဂိုလ်ရေး အင်တာဗျူး၊ အမျိုးသားဝတ်စုံ၊ ညနေခင်းဝတ်စုံနှင့် ရေကူးဝတ်စုံ ဟူသည့် အမျိုးအစား လေးမျိုးပေါ်တွင်သာ မူတည်မည်ဖြစ်ပြီး “လုံးဝ တရားမျှတမှုနှင့် ပွင့်လင်းမြင်သာမှု” ကို အာမခံထားကြောင်း ယခင်က ရှင်းလင်းပြောကြားခဲ့သည်။
“ဤတရားဝင် အမျိုးအစား လေးမျိုးမှလွဲ၍ မည်သည့် ကိုယ်စားလှယ်မျှ ဦးစားပေးမှု သို့မဟုတ် အားသာချက်ပုံစံကိုမျှ ရရှိမည်မဟုတ်ပါ” ဟု ရိုချာက ပြောခဲ့သည်။
MUO သည် ယခု ထိပ်တိုက်ရင်ဆိုင်မှုအပြီးတွင် နောက်ထပ် ထုတ်ပြန်ချက်ကို ထုတ်ပြန်ခြင်းမရှိသေးပေ။
Source: News Watch Plus
