မယ်ဟောင်ဆောင်တွင် လမ်းများပိတ်ပြီး ဖုန်းလိုင််းများနှင့် လျှပ်စစ်မီးများ ပြတ်တောက်၊ မြို့နယ် ၅ ခုကို ရေကြီးသတိပေး

ထိုင်းနိုင်ငံ မြောက်ပိုင်း၊ မယ်ဟောင်ဆောင် (Mae Hong Son) ခရိုင်တွင် မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနေသဖြင့် မြို့နယ် ၅ ခုရှိ ပြည်သူများ ရေကြီးရေလျှံမှုအတွက် ကြိုတင်ပြင်ဆင်ထားကြရန် အာဏာပိုင်များက သတိပေးထားပြီး၊ မဲဆမ်လတ်ပ် (Mae Sam Laep) ဒေသတွင် လျှပ်စစ်မီးနှင့် ဖုန်းလိုင်းများ အပြည့်အဝ ပြတ်တောက်နေကြောင်း သိရပါတယ်ဗျာ။

စက်တင်ဘာ ၂၉ ရက်တွင် မယ်ဟောင်ဆောင် ခရိုင်အုပ်ချုပ်ရေးမှူး Wiboon Waewbandit က မောင်းမယ်ဟောင်ဆောင် (Mueang Mae Hong Son)၊ ခွန်ယွမ် (Khun Yuam)၊ မဲလာနွဲ့ (Mae La Noi)၊ မဲစာရင်း (Mae Sariang) နှင့် ဆော့မေး (Sop Moei) မြို့နယ် ၅ ခုအား အရေးပေါ် သတိပေးချက် ထုတ်ပြန်ခဲ့သည်။

စက်တင်ဘာ ၂၈ ရက် မွန်းလွဲ ၃:၃၀ နာရီမှစ၍ မဲစာရင်းနှင့် ဆော့မေး မြို့နယ်များအထိ မိုးမပြတ် ရွာသွန်းနေပြီး တောင်ခြေအနီး၊ မြစ်ချောင်းအနီးနှင့် မြေနိမ့်ပိုင်းနေ ပြည်သူများ လျှပ်တစ်ပြက် ရေကြီးမှုနှင့် မြေပြိုမှုများကို အထူးသတိပြုကြရန် မဲစာရင်းမြို့နယ် အုပ်ချုပ်ရေးမှူးက နှိုးဆော်ထားသည်။

စက်တင်ဘာ ၂၈ ရက် ည ၇:၃၀ နာရီခန့်တွင် အမှတ် (၁၀၈) လမ်းမကြီး (Hot–Mae Sariang) ပေါ်ရှိ Ban Mae Ho အနီး၌ မီးစက်ခေါင်း (Transformer) ပေါက်ကွဲကာ ဓာတ်အားလိုင်းများ မီးလောင်ခဲ့သဖြင့် ကားတစ်စီး ထိခိုက်ပျက်စီးခဲ့သည်။ (လူထိခိုက်မှု မရှိဘဲ ထိန်းချုပ်နိုင်ခဲ့သည်)။

အမှတ် (၁၁၉၄) လမ်းမကြီးပေါ်ရှိ Huai Pho နှင့် Mae Sam Laep အကြား မြေပြိုကျမှုများကို လမ်းဦးစီးဌာနက စက်ယန္တရားများဖြင့် ဖယ်ရှားရှင်းလင်းနေပြီး ပုံမှန် လမ်းကြောင်းပြန်ဖွင့်နိုင်ရန် ၂ ရက်မှ ၃ ရက်အထိ ကြာမြင့်မည်ဖြစ်သည်။

မဲဆမ်လတ်ပ် (Mae Sam Laep) တိုက်နယ်တစ်ခုလုံးတွင် လျှပ်စစ်မီးနှင့် ဖုန်းလိုင်းများ အပြည့်အဝ ပြတ်တောက်နေသည်။ပင်မ လမ်းကြောင်းမှာ မြေပြိုမှုကြောင့် ပိတ်ဆို့နေသဖြင့် လျှပ်စစ်ဓာတ်တိုင်များနှင့် ပြင်ဆင်ရေး ပစ္စည်းများကို သယ်ဆောင်နိုင်ခြင်း မရှိသေးပေ။ အာဏာပိုင်များက လမ်းကြောင်း မြန်မြန်ပွင့်ရေးနှင့် အစားအသောက်၊ အကူအညီများ ပေးပို့နိုင်ရေးအတွက် စက်ယန္တရားများ တိုးမြှင့် အသုံးပြုနေသည်။

Source;The Nation