ထိုင်းအိမ်ခြံမြေ သုတေသနနှင့် တန်ဖိုးဖြတ်ခြင်းဆိုင်ရာဌာန (Centre for Thai Real Estate Research and Valuation) ဖြစ်သည့် အိမ်ခြံမြေရေးရာ အေဂျင်စီ (AREA) ၏ အစီရင်ခံစာအသစ်တစ်ခုအရ ဖူးခက်ကျွန်း၏ အိမ်ခြံမြေကဏ္ဍသည် ဆက်လက်ရှင်သန်နေပြီး ဝယ်လိုအား ပြင်းထန်မှုကြောင့် ပိုင်ဆိုင်မှုအရောင်းနှင့် မြေဈေးနှုန်းများသည် စံချိန်တင်အဆင့် သို့ ရောက်ရှိသွားခဲ့ကြောင်း ဖော်ပြသည်။
AREA ၏ တွေ့ရှိချက်များအရ ပြီးခဲ့သည့် တစ်နှစ်အတွင်း ဖူးခက်တွင် အိမ်ယူနစ်ပေါင်း ၁၀,၀၀၀ ခန့် ရောင်းချနိုင်ခဲ့ပြီးစုစုပေါင်း အရောင်းအဝယ်တန်ဖိုး ဘတ် ၉၀ ဘီလီယံ ရှိကာ၊ တစ်ယူနစ်ပျမ်းမျှ ဘတ် ၉ သန်း ရှိသည်။ အရောင်းအဝယ်အများစုသည် ထလန် (Thalang) ခရိုင်တွင် ဗဟိုပြုခဲ့ပြီး အားလပ်ရက် ကွန်ဒိုမီနီယမ်နှင့် ဗီလာများ သည် အရောင်းအဝယ် အမြန်ဆုံး အမျိုးအစားများအဖြစ် ပေါ်ထွက်လာခဲ့သော်လည်း ဒေသခံများအတွက် အိမ်ရာများသည် ရောင်းအား နှေးကွေးခဲ့သည်။

ဖူးခက်၏ မြေဈေးနှုန်းများသည် ၂၀၀၄ မှ ၂၀၂၅ ခုနှစ် အတွင်း ပျမ်းမျှ ၇.၄၇ ဆ တက်လာခဲ့ပြီး တစ်နှစ်လျှင် ၁၀.၇%တိုးတက်လာခြင်းနှင့် ညီမျှသည်။ ၎င်းသည် ထိုင်းနိုင်ငံတွင် အမြင့်ဆုံး တိုးတက်နှုန်းများထဲမှ တစ်ခုဖြစ်သည်။
ဈေးနှုန်း အမြင့်ဆုံး တိုးတက်ခဲ့သော နေရာများ:
- Rawai (ရာဝိုင်) ကမ်းခြေ: ၁၄ ဆ မြင့်တက် (အမြင့်ဆုံး)
- Bang Tao (ဘန်တောင်း) ကမ်းခြေ: ၁၀.၆၇ ဆ
- Mai Khao (မိုင်းခေါင်) ကမ်းခြေ: ၉ ဆ
တိုးတက်မှု နှေးကွေးသော နေရာများ:
- Sapam Beach, Karon Beach, နှင့် Sirey Island တို့ ပါဝင်သည်။
Source: Nation Thailand
